နေပြည်တော် အောက်တိုဘာ ၃၁
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဉက္ကဋ္ဌ ဉီးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများတွင် အဟန့်အတား ဖြစ်စေသည့် လာဘ်ပေး လာဘ်ယူမှုများ ဖြေရှင်းနိုင်ရေး ဆောင်ရွက်မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ဆောင်ရွက်နေသည့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေး အစီအစဉ်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့(CPU)များ ဖွဲ့စည်း ဆောင်ရွက်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment