Thursday, October 31, 2019

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ Associate Professor နှင့်တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၃၁
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ Associate Professor, Dr. Renaud Egreteau အား ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ဥပဒေပြုရေး လုပ်ငန်းစဉ်များ၌ ဆောင်ရွက်နေသည့် လွှတ်တော်၏ အခန်းကဏ္ဍတို့ကို သုတေသနပြုလုပ်မည့် ကိစ္စနှင့်စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment