ရန်ကုန်
အောက်တိုဘာ ၃၀
ဂျပန်နိုင်ငံတွင် ရုပ်ရှင်စတူဒီယိုနှင့်
သင်တန်းကျောင်းများ၊ ရုပ်ရှင် စာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်းတိုက်များ၊ ရုပ်သံနှင့်
သတင်းဌာနများ၊ ရုပ်ရှင်ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှု ကုမ္ပဏီများ လေ့လာရေးခရီးစဉ်နှင့်
တိုကျိုနိုင်ငံတကာရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့ကြသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ ဖေမြင့်နှင့်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့်
ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ
ဂျပန်နိုင်ငံသံရုံးမှ သံရုံး ဒုတိယ အကြီးအကဲ မစ္စတာ တော်ရုမာအဲဒနှင့် ပြန်ကြားရေး ဝန်ကြီး
ဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲမှ
ညွှန်ကြားရေးမှူး ဦးသိန်းနိုင်၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူး
ဒေါ်သိလ္လာစိုး၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ စာတည်း ဒေါ်ခင်ရတနာ၊ မြန်မာနိုင်ငံ
ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒါရိုက်တာ အေဝမ်းဦးသိန်းထွဋ်၊ Save
Myanmar Film မှ ဒါရိုက်တာ ဦးဥက္ကာ၊ တို့လည်း ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)
No comments:
Post a Comment