နေပြည်တော် အောက်တိုဘာ ၂၉
ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသောင်းထွန်း
သည် အမေရိကန်ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက်ဝန်ကြီး Mr.
David Stilwell အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌
လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ
ကိစ္စများနှင့် မြန်မာနိုင်ငံတွင်
အမေရိကန်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှု
ပိုမိုတိုးမြှင့် ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အရှေ့အာရှနှင့်
ပစိဖိတ်ရေးရာလက်ထောက်ဝန်ကြီး Mr.
David Stilwell နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံအမတ်ကြီး Mr.Scot
Marciel တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment