ရန်ကုန် အောက်တိုဘာ ၂၉
(၉၆)နှစ်မြောက်
တူရကီသမ္မတနိုင်ငံ တည်ထောင်သည့်နေ့
အထိမ်း အမှတ်
ဧည့်ခံပွဲအခမ်းအနား ကို ယနေ့ညနေ ၆
နာရီခွဲတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပရာ ရန်ကုန်တိုင်း
ဒေသကြီးဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးတို့
တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့်
တူရကီ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်း အနားကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ
သံအမတ်ကြီး Mr.
Haydar Kerem Divanlioglu နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းတို့က နှုတ်ခွန်း
ဆက်စကားပြောကြားကြပြီး (၉၆)နှစ် မြောက် တူရကီသမ္မတနိုင်ငံ တည်ထောင်သည့်
နေ့ အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်
ပေးကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊
သံအမတ်ကြီးနှင့် ဇနီးတို့ က
တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ
ရိုက်ကြ သည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများအား
သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ
သံအမတ်ကြီး များ၊ သံရုံး ယာယီတာဝန်ခံ များ၊ ကုလသမဂ္ဂဆိုင်ရာ
ဌာနေကိုယ်စား လှယ်များနှင့် ဖိတ်ကြားထား သောဧည့်သည်တော်များ
တက်ရောက်ကြ သည်။
(သတင်းစဉ်)
No comments:
Post a Comment