ရန်ကုန် စက်တင်ဘာ ၃၀
အပြည်ပြည်ဆိုင်ရာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်က ကြီးမှူး
၍ဩစတြေးလျနိုင်ငံ၌ အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပ မည့် ၂၀၁၉
ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကစားသမားသုံးဦး
ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် ဆီးဂိမ်းပြိုင်ပွဲနှင့် ပြီးခဲ့သည့် ကမ္ဘာ့ပြိုင်ပွဲ စွမ်းဆောင်ရည် အပေါ် မူတည်၍ ကစားသမားများ ရွေးချယ်ထားပြီး နေသွေးဦး၊ ချစ်ကိုကို၊ ပေါက်စတို့သုံးဦးဖြင့် ယှဉ်ပြိုင် မည်ဖြစ်သည်။
မြန်မာဘိလိယက်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများအနက် နေသွေးဦးနှင့် ချစ်ကိုကိုမှာ ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့်သူများဖြစ်ပြီး ပေါက်စမှာမူ ပြီးခဲ့သည့် ကမ္ဘာ့ဘိလိယက် (မြန်မာအိုးပင်း) Long Up ပြိုင်ပွဲတွင် တတိယဆုရခဲ့သောကြောင့် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
မြန်မာဘိလိယက်အဖွဲ့သည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက်ယှဉ် ပြိုင်ခြင်းဖြစ်သည်။စက်တင်ဘာ ၁၀ ရက် မှ ၂၅ ရက်အထိ မြန်မနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ သည့် ကမ္ဘာ့ ဘိလိယက်နှင့် စနူကာပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် ဘိလိယက်ပြိုင်ပွဲ၌ ငွေတစ်ခု၊ ကြေး နှစ်ခု ဆွတ်ခူးရရှိခဲ့ သည်။ ငွေတံဆိပ် ဆုကို နေသွေးဦးက 150 Up ပြိုင်ပွဲနှင့် ကြေးတံဆိပ် နှစ်ခုကို Long
Up ပြိုင်ပွဲမှ နေသွေးဦးနှင့် ပေါက်စတို့က ရရှိခဲသည်။ နေသွေးဦးသည် ယခုနှစ်အတွင်း အောင်မြင်မှုများစွာ ရရှိနေသည့် ကစားသမား တစ်ဦးဖြစ်ပြီး ဧပြီလက အိန္ဒိယနိုင်ငံ၌ ကျင်းပသည့် အာရှဘိလိ ယက်ပြိုင်ပွဲတွင် လည်း ချန်ပီယံဆုရရှိခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သည် မြန်မာနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ဘိလိယက် ပြိုင်ပွဲတွင် 150 Up ပြိုင်ပွဲကိုသာ ကမ္ဘာ့ချန်ပီယံအဖြစ် သတ်မှတ်ခဲ့ပြီး Long Up ပြိုင်ပွဲကို မြန်မာအိုးပင်း
ချန်ပီယံအဖြစ်သာ သတ်မှတ်သောကြောင့် ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲကို ဩစတြေးလျနိုင်ငံ၌ ထပ်မံကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
ရှိုင်းထက်ဇော်

No comments:
Post a Comment