ရန်ကုန် စက်တင်ဘာ ၃၀
နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးစီးဖွင့်လှစ်သည့် အခြေခံ သံတမန်ရေးရာ
ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၃/၂၀၁၉) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀
နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)ရှိ ဝန်ဇင်း မင်းရာဇာ ခန်းမ၌
ကျင်းပရာ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်တက် ရောက်၍ သင်တန်းဖွင့်
အမှာစကားပြောကြား သည်။
သင်တန်းဖွင့်ပွဲသို့ သင်တန်းတွင် သင်ကြားပို့ချပေးမည့် အငြိမ်းစားသံ အမတ်ကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝါရင့် သံတမန်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါသင်တန်း၌ သံတမန်ရေးရာနှင့် သက်ဆိုင်သည့် အခြေခံ ဘာသာရပ်များ၊ စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ အပြည်ပြည်ဆိုင်ရာညီလာခံနှင့် အစည်းအဝေးများကျင်းပခြင်း၊ နိုင်ငံ တကာ ဆက်ဆံရေး ပညာရပ်များ၊ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ ပါဝင်မည် ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တ (၁၂)ပတ်ကြာမြင့်မည် ဖြစ်သည်။
အဆိုပါ သင်တန်းသည် နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်နေသော ပုဂ္ဂလိကလုပ်ငန်းများ၊ ကုမ္ပဏီ လုပ်ငန်းများ၊ အခြားဌာနများမှ ဝန်ထမ်း များနှင့် ဘာသာရပ်အပေါ် စိတ်ဝင်စားလေ့လာလိုသူများ အတွက် ၂၀၀၀ ပြည့်နှစ်မှ စတင်၍ နှစ်စဉ်ဖွင့်လှစ်နေသော သင်တန်းဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ဖွင့်လှစ်လျက်ရှိသည်။
သတင်းစဉ်

No comments:
Post a Comment