Tuesday, October 1, 2019

အခြေခံပညာဆရာများ၏အရည်အသွေး စဉ်ဆက်မပြတ် တိုးမြှင့်ရေး အတွက် သာတူညီမျှမှုကို အခြေခံသော အညွှန်းဘောင်(မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ


နေပြည်တော် စက်တင်ဘာ ၃၀

မြန်မာနိုင်ငံရှိ အခြေခံပညာကဏ္ဍလုပ်ငန်းခွင်မှ ဆရာများ ၏ အရည်အသွေး စဉ်ဆက်မပြတ် တိုးမြှင့်ရေး အတွက် သာတူညီမျှမှုကို အခြေခံသော အညွှန်းဘောင်(မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Royal Nay Pyi Taw Hotel ၌ ကျင်းပသည်။

ဆွေးနွေးပွဲနှင့်ပတ်သက်၍ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပညာရေးပြုပြင် ပြောင်းလဲမှု အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ၂၀၁၆ ခုနှစ်ကစတင်ပြီး လုပ်ဆောင်နေ ပါကြောင်း၊ ပြုပြင်ပြောင်းလဲလိုသည့် ကဏ္ဍကြီးကိုးခုရှိပြီး ထိုအထဲတွင် teacher education ဆိုသည့် ကဏ္ဍတစ်ခု ပါဝင်ပါကြောင်း၊ အရည် အသွေးရှိသည့် ပညာရေးကို အကောင်အထည်ဖော်မည်ဆိုပါက ဆရာ ဆရာမများ၏ အရည်အသွေးသည် အရေးကြီးပါကြောင်း၊ ဆရာ ဆရာမများ၏ အရည်အသွေး ကို မြှင့်တင်နိုင်ရန် National Continuous Professional Development Framework သည် အရေးကြီးသည့် အတွက် ယခု Framework ကို ရေးဆွဲခြင်းဖြစ်ပါကြောင်း။
ပညာရေးအရည်အသွေးမြှင့်တင်ရာတွင် ဆရာ ဆရာမများ၏ အရည် အသွေး၊ ဆရာ ဆရာမများ၏ professional development မြှင့်တင်ရန် အရေးကြီးပါ ကြောင်း၊ ယခုအညွှန်းမူဘောင်သည် ဆရာ ဆရာမများ၏ Life Long Learning အခွင့်အရေးများကို ဖြည့်ဆည်းပေးမည် ဖြစ်ပါ ကြောင်း၊ တိုးတက်ပြောင်းလဲနေမှုကို အမီလိုက်နိုင် ရန် Life Long Learning ကို မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့လုပ် ဆောင်နိုင်စေရန် ယခု Framework က ဖြည့်ဆည်းပေးမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယနေ့ ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် UNICEF Myanmar မှ ဒုတိယအကြီးအကဲ Mr. Paul Edward က အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများနှင့် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများက National CPD Framework နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment