Wednesday, October 30, 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စစ်တမ်းကောက်ယူမှု လုပ်ငန်းများတွင် နည်းပညာအကူအညီပေးရေးအတွက် ရည်ရွယ်သောစာလွှာ Letter of Intent (LoI) လက်မှတ်ရေးထိုး



နေပြည်တော် အောက်တိုဘာ ၃၀
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးနှင့် ဒိန်းမတ်နိုင်ငံတို့အကြား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စစ်တမ်း ကောက်ယူခြင်း၊ ဆန်းစစ်အကဲဖြတ်သုံးသပ်ခြင်း လုပ်ငန်းများတွင် စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် နည်းပညာ အကူအညီပေးရေး ရည်ရွယ်သောစာလွှာ Letter of Intent (LoI) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည်။


အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန State Secretary for Development Policy, Ms. Trine Rask Thygesen တို့က အမှာစကား ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ် သံအမတ်ကြီး Mr. John Nielsen တို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ စစ်တမ်း ကောက်ယူမှု လုပ်ငန်းများတွင် နည်းပညာ အကူအညီပေးရေးအတွက် ရည်ရွယ်သောစာလွှာအား လက်မှတ်ရေးထိုး ခဲ့ကြသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဒိန်းမတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန State Secretary for Development Policy တို့သည် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment