နေပြည်တော်
အောက်တိုဘာ ၃၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံး၊ New Zealand Foregin Affairs and Trade နှင့်
Danish Refugee Council တို့ပူးပေါင်း၍ အမျိုးသားအဆင့် မိုင်းကင်းစင်ရေးလှုပ်ရှားမှု
အာဏာပိုင်အဖွဲ့ ဖွဲ့စည်းတည်ထောင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌
ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်မှူးကြီး
အေးဝင်း၊ နယူးဇီလန် သံအမတ်ကြီး Mr. Steve Marashal နှင့် Geneva International
Centre for Humanitarian Demining မှ Director Mr. Stefano Toscano တို့က အမှာစကား
ပြောကြားကြသည်။
ထို့နောက် Norwegian People’s Aid
Myanmar မှ Programme Manager ဦးကျော်ဝင်းထွဋ်က လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ
မိုင်းလုပ်ငန်းလှုပ်ရှားမှု၊ အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်နှင့် မိုင်းလုပ်ငန်းဆိုင်ရာ
အသုံးအနှုန်း အခေါ်အဝေါ်များကို ဆွေးနွေးခြင်း၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး
ဦးဉာဏ်မြင့်အောင်က မြန်မာ နိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မိုင်းအန္တရာယ်
အသိပညာပေး လုပ်ငန်းများကို ရှင်းလင်းခြင်း၊ Geneva International Centre for
Humanitarian Demining မှ Mr. Pascal Rapillard က လူသားချင်း စာနာထောက်ထားမှု မိုင်းလုပ်ငန်းဆိုင်ရာ
လှုပ်ရှားမှုစီမံကိန်း ဖွဲ့စည်းပုံ အဆင့်ဆင့်နှင့် အခြေခံစည်းမျဉ်းများကို ရှင်းလင်းခြင်းနှင့်
Asian Regional Mine Action Centre (ARMAC) မှ Programme Officer Ms. Meredith
Stuebe က ARMAC ၏ ဖွဲ့စည်းပုံ၊ အခန်းကဏ္ဍ၊ အထောက်အပံ့ အကူအညီ လိုအပ်မှုများ၊ လုပ်ငန်း
လည်ပတ်မှု ဆိုင်ရာများကို ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် အမျိုးသားအဆင့် မိုင်းကင်းစင်ရေးလှုပ်ရှားမှု
အာဏာပိုင် အဖွဲ့ ဖွဲ့စည်းတည်ထောင်နိုင်ရေး နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
သန့်ဇော်
No comments:
Post a Comment