Wednesday, October 30, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ KNU ကရင်အမျိုးသား အစည်းအရုံးနှင့် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ(ဗဟိုအဖွဲ့ချုပ်)မှ တာဝန်ရှိသူများ နှင့် တွေ့ဆုံ




နေပြည်တော် အောက်တိုဘာ ၂၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူသည် KNU ကရင်အမျိုးသားအစည်း အရုံးနှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေး ကောင်စီ(ဗဟိုအဖွဲ့ချုပ်)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာနော် ကဖောထူး၊ တွဲဖက်အတွင်းရေးမှူး ဦးစောကျော်ညွန့်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ကိုယ်စားလှယ်အဖွဲ့က ကရင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာများကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနေမှုများ၊ ကျေးလက်မီးလင်း ရေး အပါအဝင် ဒေသအခြေအနေအပေါ်မူတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရန်ကိစ္စရပ်များ၊ လတ်တလောလိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေးရေးနှင့် ရေရှည်တွင် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးအတွက် ဝန်ကြီးဌာန၊ ဒေသအစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ပေးမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment