Wednesday, October 30, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် အဖွဲ့အား တွေ့ဆုံ




နေပြည်တော် အောက်တိုဘာ ၂၉

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရူယားမားနှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။


ဆွေးနွေး

တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်း လုပ်ငန်းများ တိုးတက်မှုနှင့် ထိုရထားလမ်းပိုင်းတွင် အသုံးပြုမည့် လူစီးရထားတွဲများ အချိန်မီရရှိ ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြ သည်။

သတင်းစဉ်

No comments:

Post a Comment