Wednesday, October 30, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် NCA-S EAO အဖွဲ့ ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့အား သီးခြားစီ လက်ခံတွေ့ဆုံ

 နေပြည်တော် အောက်တိုဘာ ၂၉

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် NCA-S EAO အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။



ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး
တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓါတ်ပုံ-တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး

No comments:

Post a Comment