Friday, October 18, 2019

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသတို့ တရုတ်နိုင်ငံသို့ သာသနာပြုခရီး ကြွရောက်


ရန်ကုန် အောက်တိုဘာ ၁၇
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ တို့သည် တရုတ်နိုင်ငံ Shenzhen မြို့တွင် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့၌ Hongfa ကျောင်းတိုက်၏ Shenzhen ဗုဒ္ဓဘာသာ အဖွဲ့အစည်းက ကြီးမှူးကျင်းပမည့် တောင်တရုတ်ပင်လယ်ဒေသ (Shenzhen) ဗုဒ္ဓဘာသာဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲ ညီလာခံသို့ တက်ရောက်ရန်အတွက် ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ တွင် ကြွရောက် ခဲ့ရာ သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသသည် အောက်တိုဘာ ၁၉ ရက်တွင်လည်းကောင်း၊ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဘိဝံသသည် အောက်တိုဘာ ၂၃ ရက်တွင်လည်းကောင်း ရန်ကုန်မြို့သို့ အသီးသီးပြန် လည်ရောက်ရှိ ကြမည်ဖြစ်သည်။
သတင်းစဉ်

No comments:

Post a Comment