Tuesday, October 29, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း တရုတ် ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့အားလက်ခံတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၂၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် တရုတ် ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် Ms. Sun Haiyan နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည် လက်ခံမှု၊ ပြည်သူ့ဆန္ဒ နှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ဖြစ်စေရမည်ဆိုသည့် စံ (၅) ချက်နှင့်အညီကျင်းပနိုင်ရန် (၂၀၁၉−၂၀၂၂) မဟာဗျူဟာစီမံကိန်း ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြည်တွင်း/ ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖိတ်ကြားသွားမည့် အခြေအနေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်သင်တန်းများ ဆောင်ရွက်နေမှု၊ ပြည်သူလူထု အသိပညာပေးခြင်း (Civic Education) နှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း (Voter Education) လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ တိုင်းရင်းသားဘာသာစကားများဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးနိုင်ရေးဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲတွင် Social Media အသုံးပြု၍ အမုန်းစကားများ၊ သတင်းအမှားများဖြန့်ဝေမှု မရှိစေရေး အတွက် ကာကွယ်မည့်အစီအစဉ်များ ဆောင်ရွက်ထားရှိမှု၊ မဲဆွယ် စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
( သတင်းစဉ် )

No comments:

Post a Comment