နေပြည်တော် အောက်တိုဘာ ၂၉
မြန်မာနိုင်ငံဆရာဝန်အသင်း မျက်စိဆရာဝန်အဖွဲ့က ကြီးမှူး၍
(၃၁)ကြိမ်မြောက် မျက်စိရောဂါပညာညီလာခံ ဖွင့်ပွဲအခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌
ကျင်းပသည်။
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
အမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက မြန်မာနိုင်ငံ
မျက်စိရောဂါ ပညာအဖွဲ့အနေဖြင့် အဖွဲ့ဝင်များ နှစ်စဉ်တိုးတက်လျက်ရှိသည့်
ညီလာခံများနှင့် ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ များကို နှစ်စဉ်
ပုံမှန်ကျင်းပသွားခြင်းဖြင့် တစ်ဦးချင်းစီ၏ဆေးပညာတိုးတက်မှု
အတွေ့အကြုံများကို သက်ဆိုင်ရာဆေးရုံများ၌ ဆောင်ရွက်ကြပြီး
ဒေသခံပြည်သူများအတွက် မျက်စိအထူးကုဆရာဝန်ကောင်းများ
ဖြစ်အောင်
ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်းဥက္ကဋ္ဌ
ပါမောက္ခ ဒေါက်တာ ရဲမြနှင့် မြန်မာနိုင်ငံ မျက်စိဆရာဝန်အသင်းဥက္ကဋ္ဌ
ပါမောက္ခဒေါက်တာ ခင်ဥမ္မာခိုင် တို့က အမှာစကားပြောကြားကြပြီး
မျက်စိရောဂါဆိုင်ရာ ဆေးကုမ္ပဏီပြခန်းများကို
ကြည့်ရှုအား ပေး ကြသည်။
ယင်းနောက် ကလေးကင်ဆာအထူးကုဆရာဝန်ကြီး ဒေါက်တာ
အေးအေးခိုင် က ကလေးမျက်စိ
ကင်ဆာရောဂါကို ဆေးသွင်း ကုသခြင်း အကြောင်း စာတမ်းကိုဖတ်ကြားပြီး
တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် မြန်မာနိုင်ငံမျက်စိဆရာဝန်အသင်း
နှစ်ပတ်လည်အစည်း အဝေးကို ဆက်လက်ကျင်းပရာ အမှုဆောင်ရွေးချယ်ခြင်းနှင့်
သက်ကြီး ဆရာဝန်ကြီးများအား ကန်တော့ခြင်းတို့ကို ဆောင်ရွက်ကြ
သည်။
ယင်းနောက် ပညာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲကို
ဆက်လက်ကျင်းပရာ ကလေးများတွင် ဖြစ်ပွားသော မျက်လုံးအိမ်ကင်ဆာများ အကြောင်း၊
မျက်လုံးအတွင်း ကင်ဆာမဟုတ်သောလက္ခဏာများ၊ ပုံမှန်မဟုတ်သော
ဦးခေါင်းအနေအထားများကို လေ့လာခြင်း၊ မျက်စိစွေစောင်းရောဂါနှင့်
ခွဲစိတ်ခြင်း ဆိုင်ရာအချက်အလက်များ၊ မွေးရာပါအာရုံကြောချို့
ယွင်းခြင်း၊ မျက်စိတွင် ဖြစ်တတ်သော ကင်ဆာရောဂါများ
အကြောင်းနှင့် ဓာတ်ရောင်ခြည်
ကုသခြင်းအခန်းကဏ္ဍ၊ မျက်ကြည်လွှာရောဂါနှင့် အတွင်းတိမ် ရောဂါ
ပူးတွဲခံစားနေရသောလူနာများအား ကုသနည်း၊ မျက်ကြည်လွှာ
အနာကုသနည်း၊ မျက်သားတက်ခြင်း၏
နောက်ဆုံးပေါ် ကုသနည်း၊ ကလေးအချင်းဖြင့် အစားထိုးခွဲစိတ် ကုသနည်း၊
ဆီးချိုမျက်စိရောဂါနှင့် ရေတိမ်ရောဂါတို့အတွက်
နောက်ဆုံးကုသနည်း စာတမ်းများကို
ဖတ်ကြားကြသည်။
မျက်စိရောဂါညီလာခံကို အောက်တိုဘာ ၃၁ ရက်အထိ ကျင်းပသွားမည်
ဖြစ်ပြီး စာတမ်းပေါင်း ၄၅ စောင်ကို ဖတ်ကြား တင်သွင်းကြ မည်ဖြစ်သည်။
သတင်း-ဥမ္မာသန့်
ဓာတ်ပုံ-ရဲထွဋ်
ဓာတ်ပုံ-ရဲထွဋ်
(သတင်းစဉ်)
No comments:
Post a Comment