နေပြည်တော် အောက်တိုဘာ ၂၉
ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်းမဟာမင်္ဂလာ၊
ရွှေထီးတော်တင် မဟာမင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာ
မင်္ဂလာအခမ်းအနားများ ကျင်းပနိုင်ရေးအတွက်
ထာဝရငြိမ်းချမ်းရေး စေတီတော် တည်ထားကိုးကွယ်ရေး ဦးစီး
ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်း
အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ
သာသနာရေးနှင့်ယဉ်ကျေးမှု
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို က
ထာဝရငြိမ်းချမ်း ရေးစေတီတော်မြတ်ကြီး
မဟာမင်္ဂလာအခမ်းအနားများ အောင်မြင် အထမြောက်စေရန် တာဝန်ယူထားသည့်
လုပ်ငန်းဆောင်တာများကို လစ်ဟာမှု မရှိစေရေး ကုသိုလ်ယူဆောင်ရွက်ပေးကြပါရန်
တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ထာဝရငြိမ်းချမ်းရေးစေတီတော်
တည်ထားကိုးကွယ်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး က ထာဝရငြိမ်းချမ်းရေးစေတီတော်
တည်ဆောက်မှု လုပ်ငန်းများနှင့် မဟာမင်္ဂလာအခမ်းအနားများ
အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်
ဆောင်ရွက်ထားမှုများကို
ရှင်းလင်းတင်ပြသည်။
ယင်းနောက် သာသနာတော်ဆိုင်ရာအခမ်းအနားများကျင်းပရေး
ဆပ် ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့်
ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ သံဃာတော်များ ပင့်လျှောက်ရေး၊
ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြန်ကြားရေး နှင့်
မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး
ဆပ်ကော်မတီ၊ လုပ်ငန်းနှင့် စာရင်းစစ်ဆေးရေး ဆပ်ကော်မတီများမှ
တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်
ဆောင်ရွက်သွားမည့်အစီအစဉ်များကို
ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက မဟာမင်္ဂလာအခမ်းအနားများ
အောင်မြင်စွာကျင်းပနိုင်ရေးဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ
ဦးစီးကော်မတီ
ဥက္ကဋ္ဌက တင်ပြချက်များအပေါ်
ပေါင်းစပ် ညှိနှိုင်းပေး သည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင်များ၊
အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment