ရန်ကုန် အောက်တိုဘာ ၁၄
(၁၀)ကြိမ်မြောက် မဲခေါင်စာပေဆု
ဂုဏ်ပြုနှုတ်ဆက် ညစာစားပွဲကို အောက်တိုဘာ
၁၃ ရက် ည ၇ နာရီက ကရဝိက်နန်းတော်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အားပေးခဲ့သည်။
အခမ်းအနားတွင်
မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း (ဆရာမနုဿကျော်ဝင်း) က ဂုဏ်ပြုနှုတ်ဆက် စကားပြောကြားပြီး (၁၁)ကြိမ်မြောက်
မဲခေါင်စာပေ ဆုပေးပွဲကျင်းပရန်
အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်မည့်
ကမ္ဘောဒီးယားနိုင်ငံ(ခမာ) စာရေးဆရာအသင်း အား မဲခေါင် စာပေဆုအလံကို လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ ခမာစာရေးဆရာအသင်းဥက္ကဋ္ဌ Mr. Proeung Pranit က နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံစာရေးဆရာ အသင်းက မဲခေါင်ဒေသအတွင်းနိုင်ငံ စာရေးဆရာအသင်းများသို့
အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့သည်။
ယင်းနောက် မဲခေါင်စာပေကျင်း ပရေး ပူးပေါင်းဆောင်ရွက်မှု
လုပ်ငန်းကော်မတီက ဂုဏ်ပြုညစာ ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)

No comments:
Post a Comment