Tuesday, October 15, 2019

တက္ကသိုလ်ကင်းထောက်လူငယ်များ သန်လျင်မြို့၌ စုပေါင်းလုပ်အားဒါန ကုသိုလ်ကောင်းမှု ပြုလုပ်



ရန်ကုန် အောက်တိုဘာ ၁၄
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကင်းထောက်အဖွဲ့က ဦးဆောင်၍ တက္ကသိုလ်အသီးသီးမှ ကင်းထောက် လူငယ်များ စုပေါင်းပြီး သီတင်းကျွတ်လပြည့်နေ့တွင် သန်လျင်မြို့နယ်ရှိ သဘာ၀ တရားရိပ်သာဘိုးဘွားများ ဂေဟာတွင် စုပေါင်းလုပ်အားဒါန ကုသိုလ်ကောင်းမှု ပြုကြသည်။

တက္ကသိုလ်ကင်းထောက်လူငယ်များသည် သဘာ၀တရားရိပ်သာရှိ အဘိုးအဘွားများအား ဆံပင်ညှပ်ပေးခြင်း၊ ရေချိုးပေးခြင်း၊ နေရာထိုင်ခင်းများ သန့်ရှင်းရေးပြုလုပ်ပေးခြင်း၊ သန့်စင်ခန်းများ ဆေးကြောပေးခြင်းအပြင် အလှူငွေများ လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment