Tuesday, October 15, 2019

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပမည်


နေပြည်တော် အောက်တိုဘာ ၁၄
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဆောင်ပုဒ်မှာ “ Build to Last ” “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့ဖြစ်သည်။

အဆိုပါ အခမ်းအနားကို နှစ်စဉ်အောက်တိုဘာ ၁၃ ရက်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်မှစတင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကဦးဆောင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့သည် အောက်တိုဘာ ၁၃ ရက်ဖြစ်ပြီး ယင်းနေ့သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သောကြောင့် အောက်တိုဘာ ၁၈ ရက်တွင် ကျင်းပခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
မောင်လူမော်

No comments:

Post a Comment