နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂/၂၀၁၉)ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက အစိုးရစာရင်းကိုင်နှင့် ပတ်သက်၍ လက်ရှိငွေသားအခြေခံမှစေ့ရောက်မှု အခြေခံသို့ ပြောင်းလဲဆောင်ရွက်ရန်ရှိပါ ကြောင်း၊ ကမ္ဘာ့ဘဏ်ရှိ ပညာရှင်များနှင့် ဆွေးနွေးရာ၌ လက်ရှိ ငွေသား အခြေခံစနစ်တွင်လည်း လိုအပ်ချက် များရှိနေသည်ကို ဆွေးနွေးခဲ့ကြပါကြောင်း၊ ယင်းလိုအပ်ချက်များမှာ ပတ်သက်မှုရှိ ပုဂ္ဂိုလ်များဆိုင်ရာ ဖွင့်လှစ်ထုတ်ပြခြင်းမပါရှိခြင်း၊ အခြားရှင်းတမ်းဆိုင်ရာ လိုအပ်သည့် ဖော်ပြ ချက်များမပါရှိခြင်း၊ ငွေသားရရှိမှုနှင့် ပေးချေမှုအတွက် ဝန်ဆောင်မှုနှင့် ပစ္စည်းရရှိပေးချေ မှုများကို ဖော်ပြထားခြင်း၊ လက်ဝယ်ရှိငွေသားဖော်ပြရာ၌ ငွေသားနှင့် အလားတူသည်များ ဖော်ပြထားမှုမရှိခြင်းနှင့် လက်ဝယ်ရှိ နိုင်ငံခြားငွေများကို ရှင်းတမ်းပြုစုသည့်နေ့ရှိ လဲလှယ်နှုန်း ဖြင့် ဖော်ပြထားမှုမရှိခြင်းတို့ဖြစ်ပါကြောင်း။
ထို့ကြောင့် ငွေသားအခြေခံမှ စေ့ရောက်မှုအခြေခံသို့ လျှောက်လှမ်းရမည့် ခရီးရှည်တွင် စိန်ခေါ်မှု အများအပြားရှိပြီး မိမိတို့ဌာနရှိ ဝန်ထမ်းများ အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွား ကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည် နယ်၊ ကရင် ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ စာရင်းစစ်ချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းစစ် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ် စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂၄ ရက်အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းစစ်လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment