နေပြည်တော် အောက်တိုဘာ ၂၃
ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် အခွန်ထမ်းဆောင်နေကြသော အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချ လျက်ရှိသည့် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်၊ ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များအား ဖိတ်ကြားပြီး ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သူရဦးထင်ကျော်မိုးက ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ လိုက်နာဆောင်ရွက်ရန်အချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော လုပ်ငန်းရှင်များက သိရှိလိုသည့် အချက်များအား မေးမြန်းခဲ့ရာ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူး သူရဦးထင်ကျော်မိုးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment