ရန်ကုန် အောက်တိုဘာ ၂၀
ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဒုတိယ
နှစ်ဝက် ကျောင်းပြင်ပ မူလတန်းပညာရေး ရန်ကုန်ဇုန် နည်းပြသင်တန်းဆင်းပွဲကို
ယနေ့ မွန်းလွဲ ၃ နာရီက ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း
ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ သင်တန်းတာဝန်ခံ ဆရာကြီး ဦးအောင်စိုးက
သင်တန်းနှင့် ပတ်သက်၍ သုံးသပ်အကဲဖြတ်မှုများနှင့် အကြိုစစ်ဆေးမှု၊
သင်တန်းဆုံး စစ်ဆေးမှုအခြေအနေများကို ရှင်းပြပြီး မြန်မာနိုင်ငံ
စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးတင်ညိုနှင့်
တာဝန်ရှိသူများက သင်တန်းတွင် စွမ်းဆောင်ရည်ဆုရရှိသော သင်တန်းသားများကို
ဆုချီးမြှင့်ကာသင်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ကို ပေးအပ်သည်။
ထို့နောက် သင်တန်းသား ဦးဝင်းမိုးကျော် က ကျေးဇူးတင်စကား ပြောကြားပြီး
မြန်မာ နိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနဥက္ကဋ္ဌ
ဒေါက်တာဦးသန်းဦးက သင်တန်းဆင်း အမှာစကားပြောကြားကာ သင်တန်းသားများက
ကလေးများအတွက် “ဒီနေ့”သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းသည်။
ကျောင်းပြင်ပမူလတန်း ပညာရေး အစီအစဉ်ကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ် တွင်
မြို့နယ်ငါးမြို့နယ်၌ စတင်ဆောင်ရွက် ခဲ့ရာ ယခု ပညာသင်နှစ်တွင် ၁၂
နှစ်အတွင်း ရောက်ရှိပြီး မြို့နယ် ၈၉ မြို့နယ်၌ ဆောင်ရွက် လျက်ရှိသည်။
ယခင်ဆောင်ရွက်ခဲ့သော မြို့နယ် ၄၉ မြို့နယ်အပါအဝင် ဆောင်ရွက် ဆဲနှင့်
ဆောင်ရွက်ပြီး စုစုပေါင်း ၁၃၈ မြို့နယ် ရှိသွားပြီဖြစ်သည်။
ယခုနှစ်
ဇုန်အဆင့် သင်တန်းများကို ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်ဇုန်များတွင်
တစ်ပြိုင်နက်တည်း ကျင်းပရာ သင်တန်းသား စုစုပေါင်း ၂၄၉ ဦး တက်ရောက်ခဲ့ပြီး
ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုအဆင့် နည်းပြသင်တန်းနှင့် ဇုန်အဆင့် နည်းပြ
သင်တန်းများကို နှစ်စဉ်ပထမနှစ်ဝက်တွင် တစ်ကြိမ်၊ ဒုတိယနှစ်ဝက်တွင်
တစ်ကြိမ် ကျင်းပခဲ့ရာ သင်တန်းမတက်ရသေးသော ဆရာ၊ ဆရာမ အသစ်များ တက်ရောက်ကြ
ရပြီး ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် သင်တန်းနှစ်မျိုး လုံး တက်ရောက်မှသာ
သင်တန်းပြီးမြောက်ကြောင်း လက်မှတ် ရရှိကာ ကျောင်းပြင်ပ မူလတန်းပညာရေး
ပညာသင်နှစ်မှာ မတ်လနောက်ဆုံး သီတင်း ပတ်တွင် အသားတင် ပညာသင်ရက် ၂၀၄ ရက်
ပြည့်မည်ဖြစ်ပြီး နှစ်ဆုံးတက်ရောက်မှုကိုစံထားစစ်ဆေးလွှာဖြင့်
စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment