နေပြည်တော် အောက်တိုဘာ ၂၀
မိုးမိုး(အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မိုးမိုး(အင်းလျား)
အမှတ်တရ ဝတ္ထုတိုပြိုင်ပွဲတွင် ဆုရရှိသူများ စာရင်းနှင့်
မိုးမိုး(အင်းလျား)၏ လုံးချင်းဝတ္ထုစာအုပ် သုံးသပ်ချက်စာတမ်းပြိုင်ပွဲတွင်
ရွေးချယ်ခံရသူများ စာရင်းကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ
ယနေ့ထုတ်ပြန်လိုက်ကြောင်း သိရှိ ရသည်။
မိုးမိုး(အင်းလျား)
အမှတ်တရဝတ္ထုတိုပြိုင်ပွဲတွင် ခန့်ကျော်ထင်လှိုင် (လွိုင်ကော်)၏
သားကောင်များက ပထမဆု၊ ထန်၏ ကမ္ဘာမီးလောင် နေသည်က ဒုတိယဆု၊ သခင်(ဇလွန်မြေ)၏
အိပ်တန်းပြန်ငှက်တို့က တတိယဆုရရှိ ပြီး နှစ်သိမ့်ဆုများမှာ
ကိုအောင်(ဒိုက်ဦး)၏ တိုက်ပွဲကြားမှ ကဗျာသစ္စာ၊ မောင်စံဝင်း (ဗန်းမော်)၏
ယမ်းငွေ့ကြားက မြစ်တစ်စင်း၊ ဉာဏ်လင်းအောင်၏ ဖြတ်လျှောက်ဘဝများ၊ နိုင်မြင့်၏
ရေစီးကြောင်း ပြောင်းလဲရာသို့၊ သဉ္ဇာလှိုင် (လားရှိုး)၏ အရပ်ကလေးကိုမှ
အားမနာပါးမနာ၊ မင်းအဂ္ဂ (ဆင်တဲဝ) ၏ ချိုတမြမြခါးသလေ့လေ့၊
မိုးကျော်စိုး(မကွေး)၏ အလံတော်တလူလူလွင့် လေမှ၊ ဆန်းငယ်သွေး (ပုတီးကုန်း) ၏
ထမင်းတလုပ်ရေတမှုတ်နှင့် မြတ်နှင်းအေး၏ မိမိုးလေးဖို့ ကြက်သား တစ်တုံးတို့က
ဆုရရှိသည်။
မိုးမိုး(အင်းလျား)၏ လုံးချင်းဝတ္ထုစာအုပ်
သုံးသပ်ချက်စာတမ်းပြိုင်ပွဲ တွင် ရွေးချယ်ခံရသူများမှာ မြတ်လေးမောင်၏
ရွှေတိဂုံကိုမြင်လျှင်၊ မိုးနေ ၏ ဂျိုး၊ ကိုတူး(သာယာမြိုင်)၏ ငပလီဇာတ်လမ်း၊
မိုးသက်အောင်(မြန်မာစာ) ၏ ငြိမ်းကိုရှက်ပါ၊ ခတ္တာခင်၏ ညီမလေးက အချစ်ကို
ကိုးကွယ်သတဲ့လား နှင့် မင်းစိုးသူရ၏ ရွက်လှပန်းစာတမ်းများက ဆုရရှိကြောင်း
သိရသည်။
ဆုရရှိသူများအနေဖြင့် မဆုပြည့်လင်း ဖုန်း-၀၉ ၄၂၈၃၄၄၅၆၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။
မြန်မာ့အလင်း
No comments:
Post a Comment