နေပြည်တော် ၁၈ အောက်တိုဘာ
တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏
လုပ်ငန်းညှိနှိုင်းဆွေးနွေး
ပွဲကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတော်အစိုးရ အနေဖြင့်
ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်
နှစ်စဉ်ဘဏ္ဍာငွေ အသုံးစရိတ်များကို တိုးမြှင့် ဆောင်ရွက် ပေးလျက်ရှိပြီး နှစ်အလိုက် အဆင့်ဆင့်တိုးမြှင့်ဆောင်ရွက်နေပါ
ကြောင်း၊ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်
ကောလိပ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက်
ဘဏ္ဍာငွေများ သုံးစွဲရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ တင်ဒါလုပ်ထုံးလုပ် နည်း၊ စာရင်းစစ်လုပ်ထုံး လုပ်နည်း
မူဘောင်များနှင့်အညီ စနစ်တကျ အကျိုးရှိ
ထိရောက်အောင် သုံးစွဲရမည် ဖြစ်ကြောင်း၊ နိုင်ငံခြားပညာသင်ဆုများကို တစ်နှစ်ထက် တစ်နှစ် ပိုမိုစေလွှတ်လျက်ရှိပြီး
နိုင်ငံခြားပညာသင်ဆု လျှောက်ထားလိုသော ဆရာဆရာမများ
အနေဖြင့် လုပ်ထုံးလုပ်နည်း
စည်းမျဉ်းစည်းကမ်းနှင့်အညီ လျှောက်ထားနိုင်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က PROFESSIONALISM IN MINISTRY OF EDUCATION & ESD ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အသင်း အလုပ်အမှုဆောင်
အဖွဲ့ဝင် ဒေါက်တာဇော်ဌေးက
ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ တိုင်းတာမှုစံ၊ အဓိကတာဝန်ရှိသူများ တွေ့ကြုံနိုင်သော အဟန့်အတားနှင့်ဆောင်ရန်၊ ရှောင်ရန်၊
နည်းပညာ၊ သက်မွေးပညာနှင့်
လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့်က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး
ဆောင်ရွက်မှုအစီအစဉ်များ၊
အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်းက သင်တန်းရေးရာ၊ ပညာသင် ထောက်ပံ့ကြေးနှင့်
တက္ကသိုလ်ဝင်ခွင့်၊ အဆင့်မြင့်ပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက
တက္ကသိုလ်များ၏ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ ခေါင်းစဉ်များဖြင့် ဟောပြောကြပြီး တက်ရောက်လာကြသူများ၏
သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး
ဖြေကြားကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပါမောက္ခ
ဒေါက်တာအောင်ထွန်းသက်၊ ဦးစီးဌာနများမှ
ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များမှ ပါမောက္ခချုပ်များ၊
ကျောင်းအုပ်ကြီးများ၊ ဒုတိယ
ညွှန်ကြားရေမှူးချုပ်၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ပါမောက္ခများ(ဌာနမှူး)များ၊ ပါမောက္ခများ၊
ဌာနမှူး(စီမံ/ဘဏ္ဍာ)များ၊
ဌာနမှူး(သင်တန်းရေးရာ)များနှင့် ဆရာဆရာမ များ တက်ရောက် ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment