နေပြည်တော် အောက်တိုဘာ ၁၈
အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး
ညှိနှိုင်းအစည်းအဝေးပွဲကို
ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ M
Gallery Hotel ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးက အမျိုးသား
ကျန်းမာရေး မူဝါဒကို ၁၉၉၃ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ပြောင်းလဲ လာသော နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး နှင့် အခြားသော
အခြေအနေ အရပ်ရပ်တို့နှင့်
လိုက်လျောညီထွေဖြစ်ရန်အတွက် အမျိုးသား ကျန်းမာရေး မူဝါဒအသစ်ကို ရေးဆွဲရန် လိုအပ်နေပြီဖြစ်ကြောင်း၊
ထိုသို့ ရေးဆွဲနိုင် ရန်အတွက် အမျိုးသားကျန်းမာရေးမူဝါဒ
ပြန်လည်ရေးဆွဲရေး ဦးဆောင် ကော်မတီ၊
လုပ်ငန်း ကော်မတီနှင့် အကြံပေးအဖွဲ့များဖွဲ့စည်း၍ ၂၀၂၀ ခုနှစ်တွင် အပြီးသတ်ရေးဆွဲနိုင်ရန် ရည်မှန်း ထားပါ ကြောင်း။
အဆိုပါ မူဝါဒသစ်၌ မြန်မာနိုင်ငံ၏ ကျန်းမာရေး အခြေအနေအရပ်ရပ်ကို လေ့လာ
ဆန်းစစ် သုံးသပ်ပြီး ရောဂါအမျိုးမျိုး
ကာကွယ်ထိန်းချုပ်ရန် မဟာဗျူဟာများနှင့် နည်းဗျူဟာ များ၊ ရည်မှန်းချက်များ၊ မြန်မာနိုင်ငံ၏
ကျန်းမာရေးအဆင့်အတန်း ရေရှည်တည့်တံ့
ခိုင်မြဲ တိုးတက်မှု ရှိစေရန် အတွက် မြန်မာနိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး
တိုးတက်မှု စီမံကိန်း၊ ထောင်စုနှစ်ရည်မှန်းချက်များ၊
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး
ပန်းတိုင်များ (SDGs)၊ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်
ရာ မျှော်မှန်းချက် (၂၀၃၀)၊ ဒေသဆိုင်ရာ နှင့် ကမ္ဘာလုံး
ဆိုင်ရာ ကျန်းမာရေး ရည်မှန်းချက်များနှင့် လိုက်လျောညီ
ထွေဖြစ်ရန် လိုအပ်ပါ ကြောင်း၊ ထို့ပြင်
အိမ်နီးချင်းနိုင်ငံများ အပါအဝင် အခြားနိုင်ငံများ၏ အမျိုးသား ကျန်းမာရေး မူဝါဒများကို လေ့လာရန်လိုအပ်ကြောင်း။
ကျန်းမာရေး မူဝါဒအသစ်၌ ကျန်းမာရေးအသိပညာမြှင့်တင်ရေး၊ မကူးစက်တက်သော ရောဂါ
ကာကွယ်ကုသရေး၊ ကျောင်းကျန်းမာရေး၊ လူနာဘေးကင်းလုံခြုံမှုနှင့်
လက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများ၊
အရည်သွေးပြည့်ဝ၍ ကျင့်ဝတ်နှင့် ညီသော ဆေးနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ အစိုရ - ပုဂ္ဂလိက
ပူးပေါင်းဆောင်ရွက်မှုများ၊
ကျန်းမာရေး နှင့် ဆေးရုံသတင်း အချက်အလက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး လုပ်ငန်းများကို
ဦးစားပေးအဆင့်သတ်မှတ်၍ ထည့်သွင်းရေးဆွဲရမည်ဖြစ်ကြောင်း၊
ကျန်းမာ ရေး မူဝါဒရေးဆွဲရာတွင်
ကျန်းမာရေးဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမှီရရှိရေး၊ ငွေကြေး ကျခံသုံးစွဲနိုင်မှု၊ ရေရှည် တည်တံ့
စွာဆောင်ရွက်နိုင်မှု၊ ပြည်သူလူထု
ဗဟိုပြု ချည်းကပ် ဆောင်ရွက်မှု၊ လုပ်ငန်းကဏ္ဍပေါင်းစုံ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု စသည့် မူဝါဒဆိုင်ရာ ဥပဒေသ (Policy Principles) များကို အလေး အနက်ထားစဉ်းစားရေးဆွဲရန် အရေးကြီးပါ ကြောင်း၊
အမျိုးသား ကျန်းမာရေး မူဝါဒအသစ်နှင့်အတူ အဆိုပါမူဝါဒကို
အကောင်အထည် ဖော်နိုင်ရေးအတွက်
မဟာဗျူဟာနှင့် ဦးစားပေးလုပ်ငန်းစဉ်များကို ရေးဆွဲချမှတ်ရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အငြိမ်းစားပညာရှင် ဒေါက်တာ ကံထွန်း က အမျိုးသား
ကျန်းမာရေးမူဝါဒရေးဆွဲရာတွင် နိုင်ငံတော်၏
မူဝါဒများ၊ ဥပဒေများ၊ ရည်မှန်းချက်များ နှင့်အညီ မူဝါဒဆိုင်ရာ ပန်းတိုင်များ၊ ရည်မှန်းချက်များနှင့်
မဟာဗျူဟာများကို ရေးဆွဲ နိုင်ရေးအတွက်
ထည့်သွင်းစဉ်းစားသင့်သော အချက်များ၊ ဘက်စုံလေ့လာသုံးသပ်ရမည့် အခြေအနေများနှင့်
ဆောင်ရွက်ရန်လိုအပ်သည့်လုပ်ငန်းများကို
ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊
အမြဲတမ်းအတွင်းဝန်များနှင့်
တာဝန်ရှိသူများက အမျိုးသားရေးမူဝါဒ ပြန်လည် ရေးဆွဲနိုင်ရေး နှင့် လုပ်ငန်းအချိန်ဇယားသတ်မှတ်၍
စနစ်တကျဆောင်ရွက်ရေးတို့ကို ဆွေးနွေး တင်ပြကြ သည်။
(သတင်းစဉ်)

No comments:
Post a Comment