နေပြည်တော် အောက်တိုဘာ ၁၈
ငုပ်လျှိုးတီဘီရောဂါကုသမှုဆိုင်ရာ အသိပေးဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ
တစ်ဝန်း၌ ပြည်သူ့ကျန်းမာရေးပြဿနာ
တစ်ရပ်အဖြစ် ရှိနေသည့် တီဘီရောဂါ ကူးစက်
ဖြစ်ပွားမှုများ လျော့နည်းပပျောက်ရေး လုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ တီဘီရောဂါ ဖြစ်ပွားမှုအကြောင်းရင်း များ၌ ပြည်သူများ၏ လူမှုစီးပွားရေးအခြေအနေနှင့် ကျန်းမာရေး
အသိပညာကြွယ်ဝမှုတို့သည် အဓိက
အကြောင်းအချက်များအဖြစ် ပါဝင်နေပါကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းတွက်ဆချက်များအရ ကမ္ဘာ့လူဉီးရေ၏ (၄) ပုံ (၁)
ပုံခန့်တွင် တီဘီရောဂါပိုးရှိပြီး
ရောဂါဖြစ်ပွားမှုမရှိသည့် ငုပ်လျှိုးတီဘီ
ဖြစ်ပွားနိုင်သည်ဟု တွက်ဆထား ပါကြောင်း၊ ကမ္ဘာ့တီဘီရည်မှန်းချက်(End TB) (၂၀၃၅) အရ (၂၀၃၅) ခုနှစ်တွင် လူဦးရေ (၁) သိန်းလျှင်
တီဘီရောဂါဖြစ်ပွားသူ (၁၀) ဦးအောက် လျော့နည်းရေးအတွက်
မြန်မာနိုင်ငံတွင် မဟာဗျူဟာ
လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိပါကြောင်း။
ထိုသို့
ငုပ်လျှိုးတီဘီရောဂါရှင်များကို ရှာဖွေကုသမှုပေးရန်အတွက် ခုခံအားကျဆင်းမှု ကူးစက် ရောဂါပိုး (HIV)
ရှိသူများကို တီဘီရောဂါ
ကြိုတင်ကာကွယ်မှုကုထုံးဖြင့် ကုသမှုပေးရန် လိုအပ် ပါကြောင်း၊ ငုပ်လျှိုးတီဘီရောဂါ ရှာဖွေစမ်းသပ်မှု
နည်းစနစ်များနှင့် ကုသမှုကုထုံးများ
ဆန်းသစ် တိုးတက်လျက်ရှိရာ ယခုဆွေးနွေးပွဲတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုးရှိသူ များ၌ တီဘီ
ရောဂါကာကွယ်ခြင်း၏ အရေးကြီးပုံ၊
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထောက်ခံထား သော ကုထုံးသစ် များသည် အချိန်တိုကာလအတွင်း ကုသမှုပြီးမြောက်စေရန်
အားသာပုံတို့ကို အသိပေးဆွေးနွေး
သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အသိအမှတ်ပြုထားသော TPR Regimen ကုထုံးအသစ်တစ်ခုဖြစ်သည့် Isoniazid နှင့် Rifapentine
ဆေးပေါင်းကို တစ်ပတ်လျှင် တစ်ကြိမ်နှင့် (၁၂) ပတ်ပေးခြင်းသည် လက်ရှိမြန်မာနိုင်ငံတွင် ငုပ်လှိျုးတီဘီကို ကုသလျက်
ရှိသော (၉)လကုထုံးထက် အားသာချက်များရှိသောကြောင့်
ကုထုံးသစ်ကို pilot study အဖြစ် အသုံးပြုသွားရန် စီစဉ်လျက်ရှိပါကြောင်း၊
ကမ္ဘာ့တီဘီရောဂါ ကင်းဝေးရေး
ရည်မှန်းချက်များ ပြည့်မီရန်နှင့်
ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုးရှိသူများတွင် တီဘီရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများလျော့နည်းစေရန်
တီဘီရောဂါဖြစ်ပွားသူများကို ကုသမှုပေးခြင်း
သာမက ငုပ်လျှိုးတီဘီရောဂါ ရှာဖွေစစ်ဆေးကုသမှုများကို ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလို ပါကြောင်း
ပြောကြားသည်။
ထို့နောက် အမျိုးသားခုခံကျ/ကာလသားရောဂါ
တိုက်ဖျက်ရေးစီမံချက်မှ စီမံချက်
မန်နေဂျာ ဒေါက်တာထွန်းညွန့်ဉီးက “Current
situation and countermeasures of HIV treatment and IPT in Myanmar” နှင့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်မှ စီမံချက် မန်နေဂျာ
ဒေါက်တာချိုချိုစန်းက “Overview IPT in
children in Myanmar” တို့ကို တင်ပြ ကြရာ အထူးကုဆရာဝန်ကြီးများ၊ ကုသမှုပညာရှင်များ၊ ပြည်သူကျန်းမာရေးပညာရှင် များက ငုပ်လျှိုးတီဘီရောဂါကုသမှု ကုထုံးလမ်းညွှန်
နှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြ သည်။
(သတင်းစဉ်)

No comments:
Post a Comment