Thursday, October 24, 2019

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သိမှတ်ဖွယ်ရာဗဟုသုတ အဖြာဖြာ(၂၀၁၉) ထွက်ပြီ


နေပြည်တော် အောက်တိုဘာ ၂၃
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် "သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ ၂၀၁၉" စာအုပ်သည် ပြည်သူများ အသိဉာဏ်ဗဟုသုတ ပြည့်စုံစေရန်၊ ရာထူး၀င် စာမေးပွဲများ၊ ပြန်တမ်း၀င်ခွင့် စာမေးပွဲများဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်နှင့် အခြားသိရှိလိုသည့် အချက်အလက်များကို တစုတစည်းတည်း ရှာဖွေလေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါသည်။ ယခု ၂၀၁၉ ခုနှစ် စာအုပ်သည် ယခင်နှစ်များက ထုတ်ဝေခဲ့သော စာအုပ်များထက် ဖတ်ရှုသူစာဖတ် ပရိသတ်များ ပိုမိုအဆင်ပြေစွာ ဖတ်ရှုနိုင်ရန် ပိုမိုကြီးမားသော စာအုပ်အရွယ်အစားနှင့် ပိုမိုပြည့်စုံသည့် အချက် အလက်များဖြင့် ကဏ္ဍစုံလင်စွာပြုစုပြီး စာမျက်နှာ(၁၆၇) မျက်နှာကို ထပ်တိုးဖော်ပြထား ပါသည်။

ဤစာအုပ်တွင် နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် သ၀ဏ်လွှာ ကောက်နုတ်ချက်များ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် ပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များနှင့် သ၀ဏ်လွှာ ကောက်နုတ်ချက်များ ပါသည့်အပြင် မြန်မာ့ရေးရာနှင့် ပတ်သက်သည့် အချက်အလက်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဘာသာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ မြန်မာ့အထွေထွေ သိမှတ်ဖွယ်ရာများ၊ နိုင်ငံတကာရေးရာ သိမှတ်ဖွယ်ရာ များ၊ သံတမန်ဆိုင်ရာသိမှတ်ဖွယ်ရာများ၊ ကမ္ဘာ့အထွေထွေသိမှတ်ဖွယ်ရာများနှင့်ပတ်သက်၍ နောက်ဆုံးအခြေ အနေများကို ထည့်သွင်း ဖြည့်စွက်ထားပါသည်။
အလားတူပင် နိုင်ငံ့ဝန်ထမ်း လျှောက်ထားခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အလက်များနှင့် ကျန်းမာ ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများလည်း ပါရှိသည့်အတွက် ဗဟုသုတရှာမှီးလို သူများ၊ ရာထူးဝင် စာမေးပွဲဖြေဆိုမည့်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ လက်ကိုင်ထားသင့်သည့် စာအုပ်ဖြစ်သည့်အပြင် အနာဂတ်နိုင်ငံတော်အတွက် လူချွန် လူကောင်းများ၊ ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာ စေရေးအတွက် အထောက်အကူပြုမည့် စာအုပ်ဖြစ် သဖြင့် အိမ်တိုင်းရှိ စာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့် စာအုပ်ဖြစ်ပါ သည်။
ယင်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၁၉ ခုနှစ် စက်တင်ဘာလ၌ ထုတ်ဝေပြီး တစ်အုပ်လျှင် ငွေကျပ်(၃၅၀၀)နှုန်းဖြင့် နေပြည်တော်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ ဖုန်း ၀၆၇ - ၃၄၁၂၃၇၁ နှင့် စာပေဗိမာန် အရောင်းဆိုင်တို့တွင်လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ အမှတ် (၂၂၈)၊သိမ်ဖြူလမ်း၊ဗိုလ်တထောင်မြို့နယ်၊ ဖုန်း ၀၁ - ၂၀၁၉၃၆၊ ၀၁ - ၃၇၁၃၄၂၊ စာပေဗိမာန်အရောင်းဆိုင်များ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်၊ ဓူဝံစာပေတိုက်နှင့် အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးများတွင်လည်းကောင်း ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။
သတင်းစဉ်

No comments:

Post a Comment