နေပြည်တော် အောက်တိုဘာ ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်
ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်နှင့် ယနေ့ မွန်းလွဲပိုင်းတွင်
နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျား/မ အခြေပြု
အကြမ်းဖက်မှုပပျောက်ရေးအတွက် ၁၆ ရက်တာ လှုပ်ရှားမှုအား
နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း
ကျင်းပနိုင် ရေး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ကျား/မ
အခြေပြုအကြမ်းဖက်မှု များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက
ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ
အမျိုးသမီးကော်မတီက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင်
သက်ဆိုင်ရာအရပ်ဖက် လူမှုရေးအဖွဲ့အစည်းများမှ
ပူးပေါင်းပါဝင်
ဆောင်ရွက်နိုင်မည့်အခြေနေများ ကို ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment