နေပြည်တော် အောက်တိုဘာ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူသည်
နော်ဝေနိုင်ငံအစိုးရနှင့် နော်ဝေနိုင်ငံ
Bergen
မြို့ရှိ Institute
of Marine Research(IMR) တို့၏ ဖိတ်ကြား ချက်အရ မြန်မာ -
နော်ဝေ နှစ်နိုင်ငံ
ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ ညှိနှိုင်း တိုးမြှင့်မှုများ
ဆောင်ရွက်ရန်၊ နော်ဝေနိုင်ငံ
ငါးလုပ်ငန်းကဏ္ဍ စီမံခန့်ခွဲမှု အပေါ် ပိုမိုသိရှိနားလည်စေရန်၊ ငါးလုပ်ငန်းကဏ္ဍတွင်
အဓိက ပါဝင် ပတ်သက်သူများနှင့် ပိုမိုသိကျွမ်းစေရန် ရည်ရွယ်၍
အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက်အထိ
နော်ဝေနိုင်ငံသို့ သွားရောက်
လေ့လာခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၂၁ ရက်တွင်
နော်ဝေ နိုင်ငံ Bergen မြို့ရှိ Institute of Marine Research(IMR) ၌ နော်ဝေ နိုင်ငံ
ငါးလုပ်ငန်းညွှန်ကြားမှုဦးစီးဌာနမှ
တာဝန်ရှိသူများ၊ သုတေသန ပညာရှင်များ၊ နော်ဝေနိုင်ငံ တပ်မတော်ရေနှင့်
ကမ်းခြေစောင့် ရဲတပ်ဖွဲ့ တို့မှ တာဝန်ခံများနှင့်တွေ့ဆုံ၍
ငါးအလွန်အကျွံ ဖမ်းဆီးခြင်းလျှော့ချရေး၊ ပတ်ဝန်း
ကျင်ကို မထိခိုက်စေဘဲ ငါးမွေးမြူခြင်းဆိုင်ရာ
နည်းပညာများနှင့် ရောဂါကျရောက်နိုင်မှုများ စောင့်ကြည့် ကာကွယ်
ထိန်းချုပ်ခြင်းများ၊ ပင်လယ်ပြင်အတွင်း ငါးလုပ်ငန်း၊
ရေတပ်နှင့် ကမ်းခြေစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး
ကင်းလှည့်စစ်ဆေးခြင်း၊ သုတေသနရလဒ်အပေါ် အခြခံပြီး
ငါးလုပ်ငန်း စီမံခန့်ခွဲမှု
စောင့်ကြည့်ထိန်းချုပ်ခြင်း အပါအဝင် နှစ်နိုင်ငံ ငါးလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏
ငါးသယံဇာတထိန်းသိမ်း နေမှုများ၊
ကောင်းမွန်သော ရေသတ္တဝါမွေးမြူမှုကျင့်စဉ်နှင့်အညီ
ဆောင်ရွက်နေမှုများ၊ အိမ်နီးချင်းနိုင်ငံများနှင့်
ပူးပေါင်းပြီး ငါးသယံဇာတ သုတေသနပြု ဆောင်ရွက်နေမှုများ၊
နော်ဝေနိုင်ငံနှင့် FAO တို့၏ အစီအစဉ်အရ
Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် မြန်မာ့ပိုင်နက် ရေပြင်အတွင်း
ငါးသယံဇာတတည်ရှိမှုနှင့်
ရေငံဒေသဆိုင်ရာ ပြောင်းလဲမှုအခြေအနေများ၊ မြန်မာ့ပင်လယ် ကမ်းရိုးတန်းတွင် Micro
Plastic ပါဝင်မှုအား သုတေသန ဆောင်ရွက် ထားရှိမှု ရလဒ်အပေါ်
စီမံခန့်ခွဲမှုအခြေအနေများကို ရှင်းလင်း ပြောကြား ပြီး Bergen
မြို့ရှိသည့် ငါးလေလံစျေးကို
ကြည့်ရှု လေ့လာခဲ့သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၂၄ ရက် ဒေသစံတော်
ချိန် နံနက် ၁၁ နာရီတွင် နော်ဝေနိုင်ငံ အပြည်ပြည်ဆိုင်ရာ
ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ Narod ရုံး၌ အမှုဆောင်ဒါရိုက်တာ Mr.
Jon Lomoy နှင့်တွေ့ဆုံ၍ မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်အတွင်း
Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် ၂၀၂၁ ခုနှစ်အတွင်း
သုတေသနဆောင်ရွက်ရေး၊ ရေပြင်အတွင်း Micro
Plastic ပါဝင်မှုအား သုတေသန ပြုဆောင်ရွက်ရေး၊ ငါးလုပ်ငန်း သတင်းအချက်အလက်ကို
အခြေခံပြီး စီမံခန့်ခွဲမှုနှင့်
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားအောင် ပံ့ပိုးပေးရေး၊ ငါးလုပ်ငန်းဆိုင်ရာ
ဥပဒေမူဘောင်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေငန်ငါးမွေးမြူရေးနှင့်
တန်ဖိုးမြင့်ထုတ်ကုန်များ ပိုမိုထုတ်လုပ်တင်ပို့
ရောင်းချနိုင်ရေးတို့ကို
ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အော်စလိုမြို့ရှိ
အဆင့်မြင့်နည်းပညာဖြင့် ဓါတ်မြေသြဇာ ထုတ်လုပ်သည့်
ယာရာကုမ္ပဏီ၏ မြန်မာနိုင်ငံအပါအဝင်
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ ဓါတ်မြေသြဇာ တင်ပို့ရောင်းချဖြန့်ဖြူးနေမှုများကို
ကြည့်ရှု လေ့လာသည်။
ထို့နောက် ယာရာကုမ္ပဏီ၏ Executive Vice
President Mr. Pablo Barrera Lopez နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ တောင်သူဦးကြီးများထံသို့
အဆင့်မြင့်နည်းပညာဖြင့် ဓါတ်မြေ
သြဇာများ တိုက်ရိုက်ရောက်ရှိနိုင်ရေး၊ ယာရာကုမ္ပဏီအနေဖြင့်
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင် Digital Farming စနစ်တစ်ခု ဖြစ်ပေါ်လာရေးအတွက်
ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို
ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment