နေပြည်တော်
အောက်တိုဘာ ၂၀
မြန်မာနိုင်ငံ၌
တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတမစ္စစ်ဘီဒီယာ
ဒေဗီဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ချစ်ကြည်ရေး ခရီးစဉ်ပြီးဆုံး၍
ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားသည်။
နီပေါနိုင်ငံ
သမ္မတနှင့်အဖွဲ့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊
မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး မစ္စတာ ဘင်းကေ အူးဒက်စ်၊ နီပေါနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး သီရီပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌
ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့ပို့ဆောင်စဉ်
လေဆိပ်ဧည့်ခန်းမ၌ နီပေါနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီအား ပြည်ထောင်စုဝန်ကြီး
သူရဦးအောင်ကိုက မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုက်ကူး ထားသော မှတ်တမ်းဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံစီဒီများကို
အမှတ်တရလက်ဆောင် ပေးအပ်သည်။
(သတင်းစဉ်)
No comments:
Post a Comment