နေပြည်တော်
အောက်တိုဘာ ၂၀
ဟိုတယ်နှင့်
ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ဦး ဆောင်သည့်မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်
မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရ၏ ဖိတ်ကြားချက်အရ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့်
မကာအိုအစိုးရ လူမှုရေးနှင့် ယဉ်ကျေးမှုဌာနတို့မှကြီးမှူး၍ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၌
အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းစီးပွားရေးဖိုရမ်
(Global Tourism Economy Forum-2019GTEF) သို့တက်ရောက်ခဲ့သည်။
အောက်တိုဘာ
၁၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ဒုတိယ ဥက္ကဋ္ဌ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊
အုပ်ချုပ်ရေးမှူးချုပ်ဟောင်း Mr. Edmund Ho HauWah အားတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယင်းနောက်
မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတွင်းဝန် (ဝန်ကြီး)
Dr. Alexis TAM Chon Weng အားတွေ့ဆုံစဉ် မြန်မာနိုင်ငံသို့ တရုတ်ခရီးသွား ဧည့်သည်များဝင်
ရောက်လာနေပြီး ၄င်းတို့အနေဖြင့် ငွေကြေးသုံးစွဲရေးဆိုင်ရာ ကိစ္စရပ်များတွင် စနစ်တကျဖြစ်စေရေးအတွက်
နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံ ခရီးသွား အေဂျင်စီများ ပူးပေါင်းဖြေရှင်းသွားရန်ကိစ္စ၊
ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး ခရီးသွား အကယ်ဒမီ ထူထောင်သွားရန်ရှိကာ
မြန်မာနိုင်ငံမှသင်တန်းသားများ ခေါ်ယူသွား မည့်ကိစ္စ၊ ဟိုတယ်စံချိန်စံညွှန်း ကိစ္စရပ်များ
ပူးပေါင်းဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံတွင် ရေမြေတောတောင် သဘာဝများပေါကြွယ်၀ပြီးများစွာသော
အလားအလာများရှိနေ၍ တရုတ်ခရီးသွားများသာမက ဥရောပ နိုင်ငံသားများကိုပါ လာရောက်လည်ပတ်ရန်
စွဲဆောင်သွားနိုင်မည်ကိစ္စ၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်း၊ ယဉ်ကျေးမှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုနှင့်
အခြားစီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် သွားရန်ကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Grand Hyatt Macau တွင် ကျင်းပသည့် ဂုဏ်ပြုကြိုဆိုသည့်
နေ့လယ်စာစားပွဲ အခမ်းအနားသို့ အာဂျင်တီးနားနိုင်ငံ ခရီးသွားလာရေးဆိုင်ရာဝန်ကြီး ၊ ဘရာဇီးလ်နိုင်ငံခရီးသွား
လာရေးဝန်ကြီး ၊ ကမ္ဘောဒီး ယားနိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့နှင့်အတူ
တက်ရောက်ခဲ့ပြီး MGM Cotai ဟိုတယ်၌ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာခရီးသွား လုပ်ငန်းစီးပွားရေးဖိုရမ်
ဖွင့်ပွဲအခမ်းအနားနှင့် Face to Face-Ministers and Private Sector CEOs: How
Tourism, Leisure and Sports lead to a Beautiful Life- Panel Discussion သို့ တက်ရောက်ဆွေးနွေးသည်။
ညပိုင်းတွင် မကာအိုအထူး အုပ်ချုပ်ရေး ဒေသအစိုးရမှ ဖိုရမ်သို့တက်ရောက်လာသည့် ကိုယ်စားလှယ်များအားဂုဏ်ပြု
ဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက်သည်။
အောက်တိုဘာ
၁၅ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Macau- Myanmar
Overseas Chinese Association အဖွဲ့ဝင်များနှင့်လည်းကောင်း Macau- Myanmar Chamber
of Commerce အဖွဲ့ဝင်များနှင့်လည်းကောင်း တွေ့ဆုံ ခဲ့ပြီး ညနေပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ
ခရီးသွားလုပ်ငန်းစီးပွားရေးဖိုရမ် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အောက်တိုဘာ
၁၆ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊
ကွမ်ရှီးချွမ်းကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၊ ကွေ့လင်မြို့တွင် အောက်တိုဘာ ၁၈ မှ ၂၀ ရက်အထိ
ကျင်းပသည့် တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်း ပြပွဲ-၂၀၁၉ သို့တက်ရောက်ရန် ကွေ့လင်းမြို့သို့
ဆက်လက် ထွက်ခွာသည်။
အောက်တိုဘာ
၁၇ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် Mr. Zhao Leqin (Vice
Chairman of Guangxi Regional People’s Congress; Secretary of the CPC Guilin
Committee; Chairman of Guilin People’s Congress နှင့် Mr. BaiSongtao (Deputy
Secretary) တို့နှင့်လည်းကောင်း၊ ကွမ်ရှီးချွမ်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး
Mr. Li Bin တို့အားလည်းကောင်း တွေ့ဆုံ၍ နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်
ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ တရုတ်ခရီးသွားများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရာတွင်
စနစ်တကျဖြစ်စေရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် ခရီးသွားအေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်ရေး
ဆိုင်ရာများကို ဆွေးနွေးသည်။
အောက်တိုဘာ
၁၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တရုတ်-အာဆီယံခရီးသွား လုပ်ငန်းပြပွဲ
၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံသည်
ယခုနှစ်တွင် အာဆီယံနိုင်ငံများ အကြား Guest of Honor Country အဖြစ် တက်ရောက်ခြင်းဖြစ်
ကြောင်း၊ ယခုပြပွဲသည် ခရီးသွားလုပ်ငန်းမှတဆင့် စီးပွားရေးအခွင့် အလမ်းများ ဖန်တီးပေးနိုင်သော
အကျိုးကျေးဇူးများ နှင့်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတည်ဆောက် သွားနိုင်ရေးအတွက်
အကျိုးကျေးဇူးများရရှိနိုင် မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လည်း ခရီးသွားလုပ်ငန်း
ဥပဒေအသစ်ရေးဆွဲပြဌာန်းခဲ့ပြီး ခရီးသွား ဧည့်သည်များမြန်မာနိုင်ငံသို့ ပိုမိုလွယ်ကူစွာဝင်ရောက်လည်ပတ်
နိုင်ရေးအတွက် ဗီဇာဖြေလျော့မှုများကို ဆောင်ရွက် နေပါကြောင်း၊ မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေးကိစ္စရပ်များကို
မြှင့်တင်ဆောင်ရွက် နေပါကြောင်း၊ နိုင်ငံခြားသားခရီးသွားဧည့်သည်များ စနစ်တကျအဆင်ပြေ
ချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် Foreign Visitor’s Observation Teams ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံသို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ သာမကအခြား စီးပွားရေးလုပ်ငန်းများပါ
လာရောက်ရင်းနှီးမြှုပ်နှံစေလိုပါကြောင်းပြော ကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ပေါင်းစုံမှ ခင်းကျင်းပြသထား
သောပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့မှ မြန်မာနိုင်ငံ၏ခရီးသွား
လုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများနှင့် ခရီးသွား စွဲဆောင်မှုနေရာဒေသများ အကြောင်းကို
ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကွေ့လင်းမြို့ရှိ ခရီးသွားစွဲဆောင်မှုနေရာများနှင့်
ဟိုတယ်များသို့ သွားရောက်ကာ ခရီးသွားစွဲဆောင်နေမှုပုံစံများကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment