Monday, October 7, 2019

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အင်ဒိုနီးရှားရေတပ်မှ ရေယာဉ်အမှုထမ်း များ၏ စစ်ရေးပြသရုပ်ပြပွဲအား ကြည့်ရှုအားပေး


ရန်ကုန် အောက်တိုဘာ ၆

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်ရှိ ပြည်သူ့ရင်ပြင်တွင် ယနေ့ နံနက် ၉ နာရီက ချစ်ကြည်ရေး ခရီးရောက်ရှိလာသော အင်ဒိုနီးရှား ရေတပ်မှ ရေယာဉ် အမှုထမ်းများ၏ စစ်ရေးပြသရုပ်ပြပွဲကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ကြည့်ရှု အားပေးခဲ့ သည်။

အင်ဒိုနီရှားရေတပ်မှ ရွက်သင်္ဘောအမျိုးအစား စစ်ရေ ယာဉ် KRI BIMA SUCI - 945 သည် စစ်ရေယာဉ်မှူး Lieutenant Colonel Waluyo ဦးဆောင်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် သီလဝါဆိပ်ကမ်းသို့ ယမန်နေ့က ရောက်ရှိလာခဲ့ကြသည်။
ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ရန် ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပြီး အထင်ကရ ကမ္ဘာ့အံ့ဖွယ် တစ်ခုဖြစ်သည့် ရွှေတိဂုံစေတီတော်၏ ခြေတော်ရင်း ပြည်သူ့ရင်ပြင်၌ ပထမဦးဆုံး ရေယာဉ် အမှုထမ်းများ၏ Drum Band Performance စစ်ရေးပြ သရုပ်ပြပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီဖြင့် ပြသခြင်းဖြစ်ကြောင်း၊ ထို့အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုလည်း ကျေးဇူးတင်ပါ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးက ပြောကြားခဲ့သည်။
ထို့နောက် စစ်ရေးပြသရုပ်ပြသမည့် အင်ဒိုနီးရှား ရေတပ်ရေယာဉ် အမှုထမ်းများက ဝန်ကြီးချုပ်၊ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားရေတပ်စစ်သံမှူး၊ စစ်ရေယာဉ်မှူးတို့အား အလေးပြုကြပြီး စစ်ရေးပြသရုပ်ပြပွဲကို အစီအစဉ်အတိုင်း ကျင်းပခဲ့ကြသည်။
ဆန်းကျော်ဦး (ပြန် / ဆက်)

No comments:

Post a Comment