မြစ်ကြီးနား အောက်တိုဘာ ၁၅
စင်ကာပူနိုင်ငံ Sing Health ကျန်းမာ ရေးစောင့်ရှောက်မှုအဖွဲ့၊ ကျန်းမာရေး
နှင့် အားကစားဝန်ကြီး ဌာနနှင့် Myanmar Kindness Foundation
တို့ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အောက်တိုဘာ
နောက်ဆုံးပတ်အတွင်း မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ခွဲစိတ်ပေး
သွားမည်ဖြစ်ကြောင်း သိရသည်။
ကုန်ကျမှုမရှိဘဲ ကုသမှုခံယူနိုင်
“ဒီလိုခွဲစိတ်ပေးတာ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်တုန်းက အမေရိကန် နိုင်ငံက ဆရာဝန်တွေနဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၈၀ ကျော်ကို ကျွန်တော်တို့ ဖောင်ဒေးရှင်းနဲ့ ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်း ကုသပေးနိုင်ခဲ့ပါတယ်။ လာရောက်စာရင်းပေးကုသတဲ့ လူနာ တွေအတွက် ကျန်းမာရေးစစ်ဆေးမှုကအစ ခွဲစိတ်ကုသပြီးတဲ့အထိ နေရေး၊ စားရေးအားလုံး အခမဲ့ကုသနိုင် အောင် ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့ဒေသကနေ ရန်ကုန်၊ မန္တလေးကို သွားပြီး ကုသမယ်ဆိုရင် ကုန်ကျမှု အများကြီးရှိနိုင်ပါတယ်။ ကျွန်တော်တို့ပြည်နယ်က ဝေးလံ ခေါင်ဖျားဒေသနဲ့ ပြည်နယ်အတွင်းက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာတွေ ကုန်ကျမှုမရှိဘဲ ကုသမှု ခံယူနိုင်အောင် စီစဉ်ထားပါတယ်”ဟု ခွဲစိတ်ကုသ ပေးမည့် အစီအစဉ်အပေါ် Myanmar Kindness Foundation မှ ဦးဖော်ဝုန် နော်လီက ပြောသည်။
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအနေဖြင့် Myanmar Kindness Foundation ၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၀၁၈၀၀၃၆၉၊ ၀၉-၈၉၇၈၀၇၉၃၇၊ ၀၉-၄၀၀၀၅၄၇၉၆ တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ကေကေ
ဓာတ်ပုံ-Myanmar Kindness Foundation

No comments:
Post a Comment