Wednesday, October 16, 2019

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုများထွက်ပေါ်လာပြီး မြန်မာအသင်း အုပ်စု(က) တွင်ပါဝင်


ရန်ကုန် အောက်တိုဘာ ၁၅

၂၀၁၉ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုများ ထွက်ပေါ်လာပြီဖြစ် ပြီး မြန်မာ အသင်းသည် အုပ်စု (က) တွင် ပါဝင်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀) မြောက် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မနီလာမြို့၌ ကျင်းပခဲ့သည်။

မြန်မာအသင်းသည် ထိပ်သီးအသင်းများကို ရှောင်ရှားနိုင်ခဲ့ပြီး အိမ်ရှင်ဖိလစ်ပိုင်နှင့် မလေးရှားတို့ ပါဝင်သည့် အုပ်စု (က) သို့ ကျရောက်ခဲ့သည်။ အုပ်စုခွဲဝေထားမှုအရ မြန်မာအသင်းသည် အုပ်စု (က) တွင် ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တီမောအသင်းတို့ နှင့် ကျရောက်နေပြီး အုပ်စု (ခ) တွင်မူ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ဘရူနိုင်းနှင့် စင်ကာပူအသင်းတို့ ပါဝင်နေသည်။ မြန်မာ အသင်းအနေဖြင့် အုပ်စုအနေအထားအရဆီမီးဖိုင်နယ်တက်ရောက် နိုင် ရန် အခွင့်အရေးများစွာရှိနေ သည်။ အမျိုးသား ဘောလုံးပြိုင်ပွဲကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပမည်ဖြစ် သည်။ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ငါးသင်း တစ်အုပ်စုနှင့် ခြောက်သင်းတစ်အုပ်စု ခွဲ၍ ကျင်းပခြင်းဖြစ်သည်။ မြန်မာအသင်း သည် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲတွင် တွေ့ဆုံခဲ့သည့် အသင်းများအနက် မလေးရှားအသင်းနှင့်သာ ပြန်လည်တွေ့ဆုံ နေပြီး အုပ်စုနောက်ဆုံးပွဲတွင် တွေ့ဆုံရာတွင် မြန်မာအသင်းက သုံးဂိုး-တစ်ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက် နိုင်ခဲ့သော်လည်း ဆုတံဆိပ် နှင့်လွဲချော်ခဲ့သည်။
မြန်မာ ယူ - ၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ကစားသမား ၃၉ ဦး ဖြင့် လေ့ကျင့်ပြင်ဆင် လျက်ရှိပြီး ယခုနှစ်လယ်ပိုင်းကတည်းက ပြင်ဆင်နေ ခြင်းဖြစ်သည်။ မြန်မာ ယူ - ၂၂ အသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယခု လတွင် ကာတာနိုင်ငံ၌ ခြေစမ်းပွဲများ သွားရောက်ကစားမည် ဖြစ်ပြီး နိုဝင်ဘာလ တွင်လည်း ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။ ယခုနှစ် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ ကို အသက် ၂၂ နှစ်အောက် ပြိုင်ပွဲအဖြစ် ဆက်လက် ကျင်းပမည်ဖြစ်သော်လည်း အသက်ကျော်ကစားသမားနှစ်ဦး ထည့်သွင်းအသုံးပြု ခွင့်ပေးထားသည်။
သတင်း - ရှိုင်းထက်ဇော်၊
ဓာတ်ပုံ - စိုးညွန့်

No comments:

Post a Comment