နေပြည်တော် အောက်တိုဘာ ၁၇
မြေအသုံးချမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
နည်းပညာပံ့ပိုး
အစည်းအဝေးတွင် အဖွဲ့ ခေါင်းဆောင် ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်က မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့၏ လုပ်ငန်း တာဝန်များမှာ ကျယ်ပြန့်သော်လည်း မြေစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ထီးရိပ်ဥပဒေဖြစ်သည့် အမျိုးသား မြေဥပဒေရေးဆွဲရေး နှင့် ဥပဒေများ သဟဇာတဖြစ်စေရေးအတွက် အကြံ ဉာဏ် နည်းပညာ ပံ့ပိုးခြင်း အပါအဝင် အခြား ဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်း များကို ဝိုင်းဝန်း ဆွေးနွေးပေးကြရန် ပြောကြားသည်။
အကြံပြုဆွေးနွေးကြ
ထို့နေက် မြေအသုံးချမှုဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ အတွင်းရေးမှူး၊ သစ်တောဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော် လွင်က အမျိုးသားမြေအသုံးချမှု ကောင်စီ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် မြေအသုံးချမှုဆိုင်ရာ နည်း ပညာအကြံပေးအဖွဲ့၏ ဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို အဆိုပြု ရှင်းလင်းတင်ပြရာ တက်ရောက်လာ ကြသူများက အကြံပြု ဆွေးနွေးကြသည်။
အစည်းအဝေးကရရှိသည့် ရလဒ်များကို အမျိုးသားမြေအသုံးချမှု ကောင်စီသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ဝင် များဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအရာရှိများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တောင်သူ လယ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment