Tuesday, October 15, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ချင်းပြည်နယ် အတွင်းရှိ လမ်း/တံတားနှင့် အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး


နေပြည်တော် အောက်တိုဘာ ၁၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်တို့သည် ယမန်နေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ လမ်းဦးစီး ဌာနမှ ဟားခါး - ထန်တလန်လမ်း အပိုင်းအား (၁၂)ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း၊ မိုင်တိုင်အမှတ် (၁)မိုင် (၇)ဖာလုံနှင့် (၂)မိုင်(၄)ဖာလုံ အကြား (၁၈)ပေအကျယ် ကတ္တရာလမ်း တိုးချဲ့ခြင်း၊ ကျောက်စီ မြေထိန်းနံရံနှင့် ကျောက်စီရေမြောင်းဆောင်ရွက်ခြင်း၊ ထန်တလန်မြို့ တွင် ကတ္တရာကွန်ကရစ်(AC) ခင်းပြီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ထန်တလန် -ဆာဆီချောက် လမ်းပိုင်း၊ ထန်တလန် - ဆာဆီချောက် လမ်းမကြီးနှင့် ချိတ်ဆက်မည့် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနမှ ဆောင်ရွက်နေသော အရှည် (၁၇)မိုင်ရှိ ဟရိန်ခန်း -သီကီရ်(ခ) လမ်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဟားခါး - ထန်တလန် - ဆာဆီချောက် လမ်းသည်အရှည် (၆၅)မိုင် (၂)ဖာလုံရှိပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ ကတ္တရာကွန် ကရစ်(AC) (၁)မိုင် (၁)ဖာလုံ၊ ကတ္တရာ လမ်း (၂၅)မိုင် (၅)ဖာလုံ၊ ကျောက်လမ်း(၅)မိုင် (၄ ဒသမ ၅) ဖာလုံ၊ အမာခံလမ်း (၂၄)မိုင် (၂) ဖာလုံနှင့် မြေလမ်း (၈)မိုင် (၅ ဒသမ ၅)ဖာလုံ ဆောင်ရွက် ပြီးဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဟားခါးမြို့၌ အဆောက်အဦ ဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၉)မှ တည်ဆောက်နေသော ဟားခါး ကောလိပ် ဘွဲ့နှင်းသဘင် တည်ဆောက် နေမှုနှင့် အဆောက်အဦ အထူးအဖွဲ့(၆)မှ တာဝန်ယူ တည်ဆောက်နေသော ချင်းပြည်နယ်တရားလွှတ်တော် RC (၃)ထပ် ဆောက်လုပ်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဉီးဟန်ဇော်သည် ဟားခါးမြို့၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ချင်းပြည်နယ် လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေး ဦးစီးဌာနနှင့် အထူးအဖွဲ့များမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ပြည်နယ်အတွင်း မိမိတို့ တာဝန်ယူဆောင်ရွက် နေသော အဆောက်အဦ၊ လမ်း/ တံတား များကို တိုးတက်အောင်ဆောင်ရွက်ရန်၊ အဂတိ ကင်းရှင်းပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် တို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ချင်းပြည်နယ် လမ်းဦးစီးဌာန ဟားခါးခရိုင်နှင့် လမ်းအထူး အဖွဲ့(၁၂)တို့မှ ဆောင်ရွက်နေသော ဟားခါး - ဂန့်ဂေါလမ်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment