ဆိုးလ် အောက်တိုဘာ ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန်
နံနက် ၇ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ၊
ဆိုးလ်မြို့သို့ ရောက်ရှိပြီး မွန်းတည့်
(၁၂)နာရီတွင် ဆိုးလ်မြို့ရှိ Hilton Hotel
Grand Ballroom ၌ ကျင်းပသော
ASEAN-Korea Train အစီအစဉ် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ASEAN-Korea Centre မှ Secretary
General Mr. Lee Hyuk နှင့်
ဖိလစ်ပိုင်နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ Assistant
Secretary Mr. Reynaldo Lacao Ching တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ASEAN-Korea
Train မှတ်တမ်းဗီဒီယိုပြသသည်။
ထို့နောက်ကိုရီးယားသမ္မတနိုင်ငံနှင့်
အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် စုပေါင်း၍ မှတ်တမ်းတင်
ဓာတ်ပုံရိုက်ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ဆိုးလ်မြို့ Yeouido တွင် တည်ရှိ သည့် KBS
Hall ( Korean Broadcasting System) တွင် ပြုလုပ်သော
KBS Open Concert နှင့် ASEAN-Korea
Train အစီအစဉ်အား ကြိုဆိုသည့်
ညစာစားပွဲသို့ တက်ရောက်ကြသည်။
ဖွင့်ပွဲနှင့် ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ
သံအမတ်ကြီး ဉီးသန့်စင်
၊ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော ဒုတိယ
အမြဲတမ်းအတွင်းဝန်ဦးမြင့်ကျော်၊ ရန်ကုန် တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာ
ဒေါ်ချောချောစိန်၊ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အလုပ်အမှုဆောင် ဒေါက်တာ စိုးထွန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ
သရုပ်ဆောင် မျိုးထွဋ်နိုင် (ခ) ခါရာ၊ ဧရာဝတီတိုင်း ဒေသကြီး
လူငယ်ရေးရာကော်မတီဝင် ဦးမျိုးသူရကိုကိုနှင့်
မန္တလေးတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီဝင် သန့်လွင်ဦး (ခ) စူးရှရှင်းသန့်တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)



No comments:
Post a Comment