Tuesday, October 29, 2019

ပဉ္စမအကြိမ်မြောက် အာဆီယံ ကျန်းမာရေးကဏ္ဍ အစည်းအဝေးကျင်းပ


နေပြည်တော် အောက်တိုဘာ ၂၉
ပဉ္စမအကြိမ်မြောက် အာဆီယံ ကျန်းမာရေးကဏ္ဍ(၂) အစည်းအဝေး (5th ASEAN Health Cluster 2 Meeting) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ကျင်းပ သည်။

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာသာထွန်းကျော်က တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော 3rd Meeting of ASEAN Health Cluster 2 နှင့် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော 4th Meeting of ASEAN Health Cluster 2 မှ ထွက်ပေါ်လာသော ရလဒ် များကို လက်ခံဆောင်ရွက်ခြင်း၊ ASEAN Health Cluster 2 ၏ (၂၀၁၇-၂၀၂၀) Work Program အရ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများအပေါ် မွမ်းမံဆွေးနွေးခြင်း၊ ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများအား ဆန်းစစ်ခြင်း၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ အာဆီယံအတွင်းရေးမှူးအဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment