နေပြည်တော် အောက်တိုဘာ ၁၄
၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
လက်ဝှေ့ပြိုင်ပွဲပွဲစဉ်များကို
ယနေ့ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစား လက်ဝှေ့ရုံတွင် ယှဉ်ပြိုင်ကစားကြသည်။
ယနေ့ပွဲစဉ်များအဖြစ်
အမျိုးသမီး(၄၅)ကီလိုတန်းပြိုင်ပွဲတွင်
ခင်မိုးအေး(တနင်္သာရီ)က ထန်နွမ်ကိမ် (ချင်း)ကို လည်းကောင်း၊ မော်မော်ထွေး(စစ်ကိုင်း)က ထက်ထက်လင်း(ဧရာဝတီ)ကို
လည်းကောင်း၊ အမျိုးသမီး(၅၀)ကီလိုတန်း
ပြိုင်ပွဲတွင် နန္ဒာနွယ်(စစ်ကိုင်း)က ထက်ထက်ဝင်း
(တနင်္သာရီ)ကို လည်းကောင်း၊ မြမိုးသူ(ရန်ကုန်)က ငန်ရှင်းဟွဲ(ချင်း)ကို လည်းကောင်း၊ အမျိုးသမီး(၅၄)ကီလို တန်းပြိုင်ပွဲတွင်
ဆုမြတ်နိုး(တနင်္သာရီ)က ငြိမ်းအေးကိုကို(ဧရာဝတီ)ကို လည်း
ကောင်း၊ ဗျားမြာ(ကယား)က ဟယ်လင်(ရှမ်း)ကိုလည်းကောင်း၊
အမျိုးသား(၄၆) ကီလိုတန်းပြိုင်ပွဲတွင်
ထွဋ်ရဲနောင်(တနင်္သာရီ)က အောင်မျိုးထွန်း(ကရင်)ကိုလည်းကောင်း၊ နိုင်းလိန်း(ချင်း)က ဇော်မင်းသိန်း(ရခိုင်)ကို
လည်းကောင်း၊ အမျိုးသား(၅၂)ကီလိုတန်းပြိုင်ပွဲတွင်
သူရလင်း(စစ်ကိုင်း)က နေထက်ဦး(မွန်)ကို
လည်းကောင်း၊ သူရ(ရန်ကုန်)က ချမ်းသာဦး(ပဲခူး)ကို လည်းကောင်း၊ ဇော်ဇော်အောင်(တနင်္သာရီ)က အေးကိုဇင်(ကရင်)ကို
လည်းကောင်း၊ ဝေစိုး (ဧရာဝတီ)က အောင်အောင်(ရခိုင်)ကို
လည်းကောင်း၊ အမျိုးသား(၇၅)
ကီလိုတန်းပြိုင်ပွဲတွင် ကျော်ခိုင်ထွန်း(မွန်)က ကျင့်ဇခန့်(ချင်း)ကို လည်းကောင်း၊ ကျော်ရဲထူး(ပဲခူး)က ဇွဲရန်နိုင်
(မန္တလေး)ကို လည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲများကို အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစား
လက်ဝှေ့ရုံတွင် ညနေ ၃ နာရီမှစ၍ ယှဉ်ပြိုင်ကစား
ကြမည်ဖြစ်သဖြင့် လက်ဝှေ့အားကစားနည်း ကို
စိတ်ပါဝင်စားသော အားကစား ဝါသနာရှင်မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment