ရန်ကုန် အောက်တိုဘာ ၁၄
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည်
ဗီယက်နမ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲကစားရန် ကစားသမား ၂၀ ရွေးချယ်ခဲ့သည်။
မြန်မာဖူဆယ်အသင်းသည် ၂၀၁၉ အာဆီယံ
ဖူဆယ်ပြိုင်ပွဲကျင်းပမည့်
ဗီယက်နမ်နိုင်ငံသို့ ကြိုတင်သွားရောက်ကာ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွင်
အုပ်ချုပ်သူ - ဦးကြည်မင်းသိန်း၊ နည်းပြချုပ် -
ဦးဌေးမြင့်၊ အသင်း အတွင်းရေးမှူး-ဦးအောင်မော်သိန်း၊
လက်ထောက်နည်းပြ-ဦးကျော်ဇင်ညွန့်၊
ဂိုးနည်းပြ - ဦးထွန်းထွန်းလတ်၊ ဂိုးသမား-ကျော်ထက်အောင်၊ ရန်ပိုင်ဟိန်း၊ ဇွဲပြည့်စုံ၊ ကစားသမား-ခင်ဇော်လင်း၊ ကိုကိုလွင်၊
ကျော်စိုးမိုး၊ နိုင်ရဲကျော်၊ လှိုင်မင်းထွန်း၊
ပြည့်ဖြိုးမောင်-၂၊ ပြည့်ဖြိုးမောင်-၃၊
ကျော်ကျော်ထွန်း၊ မျိုးမြင့်စိုး၊ ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး၊ နိုင်လင်းထွန်းကျော်၊ ဝေဇင်ဦး၊ ရဲရင့်ဦး၊
ကောင်းချစ်သူ၊ မျိုးသက်အောင်၊
ထွဋ်ပြည့်ရှိန်းတို့ ပါဝင်ကြသည်။
မြန်မာဖူဆယ်အသင်းသည် ပဏာမကစားသမား ၂၂ ဦးအနက် နှစ်ဦးလျှော့ချခဲ့ပြီး စိုင်းပြုံး အောင်မှာမူ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။
မြန်မာဖူဆယ်အသင်းသည် ပဏာမကစားသမား ၂၂ ဦးအနက် နှစ်ဦးလျှော့ချခဲ့ပြီး စိုင်းပြုံး အောင်မှာမူ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။
မြန်မာဖူဆယ် အသင်းသည် ၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲမတိုင်မီ ဗီယက်နမ်နိုင်ငံသို့
တစ်ပတ်ကြိုတင် သွားရောက်မည်ဖြစ်ပြီး အောက်တိုဘာ
၁၅ ရက် (ယနေ့) ထွက်ခွာမည်ဖြစ်သည်။
မြန်မာဖူဆယ် အသင်းသည် အောက်တိုဘာ ၁၆ ရက်တွင် ကာရို ဘန်းအသင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ဆိုင်ဂုံ အသင်းတို့နှင့်
ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး
ယင်းနှစ်ပွဲအပြီးတွင် ကစားသမား လေးဦးလျှော့ ချကာ အပြီးသတ်ကစားသမား ၁၆ ဦး ရွေးချယ် မည်ဖြစ်သည်။ ၂၀၁၉ အာဆီယံဖူဆယ်ပြိုင်ပွဲကို
အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပမည် ဖြစ်သည်။
ညီမြတ်သော်တာ

No comments:
Post a Comment