နိုင်ငံတစ်ဝန်း မီးဘေး၊ သဘာဝဘေးအန္တရာယ်များအပါအဝင် ရုတ်တရက်ဖြစ်ပွားစေတတ်သည့် ဘေးအန္တရာယ် အမျိုးမျိုးတို့နှင့်
မတော်တဆရင်ဆိုင် ကြုံတွေ့ရသည့်အခါ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သို့ အမြန်ဆုံးနှင့် လွယ်ကူစွာ သတင်းပို့နိုင်သည့်
နည်းစနစ်"191 Report" Phone
Application ဖြင့် လက်ကိုင်ဖုန်းမှတစ်ဆင့် သတင်းပေးပို့နိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှသိရသည်။
မြန်မာနိုင်ငံ
တစ်ဝန်းလုံးတွင် မီးလောင်မှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များ၊ ယာဉ်မတော်တဆမှု ဖြစ်စဉ်များ၊ ရန်ကုန်-မန္တလေးအမြန်
လမ်းမကြီးအပါအဝင် အရပ်ဒေသ မရွေး ခရီးသွားယာဉ်များ
ယာဉ်/စက် ချွတ်ယွင်းမှုများကြောင့်
ကူညီမှုလိုအပ်နေသည့် ဖြစ်စဉ်များအပြင် မြို့ပြများတွင် ကြုံတွေ့ရနိုင်သည့် ဓာတ်လှေကား မီးပျက်၍ ပိတ်မိနေသည့် ဖြစ်စဉ်များစသည့် ဘေးဒုက္ခများကြုံတွေ့နေရခြင်းအတွက် အရေးပေါ်ကူညီ
ကယ်ဆယ်မှုများကို အချိန်နှင့်တစ်ပြေးညီ
ကူညီကယ်ဆယ်ဆောင်ရွက်ပေးနိုင်ရန် Phone
Application နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေဘနှင့်
တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။
မေး။ ။ Phone
Application ရဲ့ ထိရောက်လျင်မြန်မှုကို ရှင်းပြပေး ပါလား ခင်ဗျ။
ဖြေ။ ။ မိမိလက်ကိုင်ဖုန်းမှာ Install လုပ်ထားရမယ်၊ Phone Application ကတော့ ရန်ကုန်မြို့သာမက တစ်နိုင်ငံလုံးက အင်တာနက်ကွန်ရက်မိတဲ့ မည်သည့်နေရာတိုင်းမဆို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘေးအန္တရာယ်ကြုံတွေ့ တာပဲဖြစ်ဖြစ်၊ တစ်ပါးသူကြုံတွေ့နေတာကို တွေ့ရှိရတာပဲဖြစ်ဖြစ် Phone Application လေးကိုဖွင့်မယ်၊ အဲ့ဒီအခါ Phone Camera က ပွင့်လာပါမယ်။ ဒီတော့မှ Camera နဲ့ မီးလောင်တဲ့နေရာ ဒါမှမဟုတ် ဘေးအန္တရာယ်ကြုံတွေ့ နေတဲ့နေရာ စတဲ့အခင်းဖြစ်ပွားနေတဲ့ အခြေအနေကို ရိုက်ပို့ပေးပါ။ ဓာတ်ပုံရိုက်ပေးပို့တဲ့ အခါမှာလည်း အခင်းဖြစ်ပွားရာနေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ အနီးစပ်ဆုံး ရောက်ရှိနိုင်ဖို့အတွက် အခင်းဖြစ်ပွားရာနေရာနဲ့ ပေ ၄၀ (၁၃ မီတာ)ခန့် အကွာအဝေး အတွင်း ကနေ ရိုက်ပို့ပေးဖို့လိုပါတယ်။ သတိထားရမှာက တိုက်အမြင့်ကြီးတွေပေါ်ကနေပဲ ဖြစ်ဖြစ်၊ သတ်မှတ်အကွာအဝေးထက် ကျော်လွန်တဲ့နေရာမျိုးတွေက နေပဲဖြစ်ဖြစ် ဓာတ်ပုံ ရိုက်ပေးပို့ခြင်း မလုပ်မိဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ Camera အသုံးပြုသူရဲ့ Location ကိုသာ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရှိနိုင်တဲ့အတွက် အခင်းဖြစ်ပွားရာနေရာရဲ့ Location ကို အနီးစပ်ဆုံးရှာဖွေသိရှိနိုင်အောင်ဖြစ်ပါတယ်။

Application နဲ့ ပတ်သက်ပြီး အသုံးပြုပုံကို ရှင်းပြပေးပါလားခင်ဗျ။
ဖြေ။ ။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှာရှိတဲ့ ၂၄ နာရီ အမြဲ စောင့်ကြပ်ကြည့်ရှုနေတဲ့ Command & Control Center ကို ရိုက်ပို့လိုက်တဲ့ပုံက ရောက်ရှိသွားမှာဖြစ်တဲ့အပြင် ဆင့်ကဲဆင့်ကဲစနစ်နဲ့ စီမံကွပ်ကဲပေးနိုင်အောင်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်စတဲ့ မီးသတ်ဦးစီးမှူးရုံးများမှလည်း တစ်ပြိုင်တည်း သိရှိနိုင်ရန် Application မှာ ထည့်သွင်းရေးဆွဲထားပါတယ်။ ရောက်ရှိလာတဲ့ပုံမှာ ပေးပို့သူအမည်၊ ဖုန်းနံပါတ်နဲ့ ဓာတ်ပုံရိုက် ပို့လိုက်တဲ့နေရာ Location အတိအကျသိရှိရပြီး အခင်းဖြစ်ပွားနေမှုအခြေအနေဟာ ဘယ်လောက်ကြီးတဲ့ မီးလောင်မှုလဲ၊ ဘယ်လိုဘေးဒုက္ခမျိုးတွေ ကြုံတွေ့နေရလဲဆိုတာကို ပေးပို့လိုက်တဲ့ပုံအရ မှန်းဆသိရှိနိုင်ပြီး တစ်ချိန်တည်းမှာပဲ ဓာတ်ပုံပေးပို့သူကို Command & Control Center က ပြန်လည်ဆက်သွယ်ပြီး လိုအပ်တဲ့ သတင်းအချက် အလက်တွေရရှိနိုင်ဖို့ မေးမြန်းစုံစမ်းသွားမှာ ဖြစ်သလို တစ်ဆက်တည်းမှာပဲ Command & Control Center ကနေ အခင်းဖြစ်ပွားနေတဲ့ အနီးဆုံးမီးသတ် စခန်းတွေကို တိုက်ရိုက်ချိတ်ဆက်လိုက်တာနဲ့ အခင်းဖြစ်ရာနေရာဆီကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ အမြန်ဆုံးကူညီကယ်ဆယ်ဖို့ ရောက်ရှိလာ မှာ ဖြစ်ပါတယ်။

မေး။ ။ "191
Report " Application ကို ဖုန်းမှာဘယ်လိုထည့်သွင်းရလဲဆိုတာလေး သိပါရစေ ဆရာ။
ဖြေ။ ။ အသုံးပြုသူအနေနဲ့ Google Play Store ကနေ Application Search မှာ "191 report" လို့ ရိုက်ပါ။ မီးသတ် Logo ပါတဲ့ "191 early report" ကိုရွေးချယ်ပြီး Download လုပ်ပြီးတဲ့ အခါ ဖုန်းထဲကို Install လုပ်ထားဖို့လိုပါတယ်။ စတင်အသုံးပြုတဲ့အခါ "allow access camera" နဲ့ "allow access location" ကို ရွေးချယ်ပြီး အသုံးပြုသူအနေနဲ့ မှတ်ပုံတင်ဖို့ မြန်မာ၊ အင်္ဂလိပ် ကြိုက်ရာရွေးပါ။ ဖုန်းနံပါတ်တောင်းတာကို + 95 နောက်မှ 9 ကစပြီး မိမိသုံးစွဲနေတဲ့ဖုန်းနံပါတ် ရေးသွင်းပါ။ မိမိပေးပို့ ထားတဲ့ ဖုန်းနံပါတ်ဆီကို Verfication Code ဂဏန်းခြောက်လုံး SMS ချက်ချင်းရောက်ရှိလာပါမယ်။ ဖြည့်စွက်ပြီးရင် မိမိရဲ့အမည်နဲ့ မှတ်ပုံတင်နံပါတ်ဖြည့်တာနဲ့ မှတ်ပုံတင်ခြင်းကိစ္စပြီးသွားပါပြီ။ မှတ်ပုံတင်ပြီးသွားရင် စတင်အသုံးပြုနိုင်ပါပြီ။

မေး။ ။ အရေးပေါ်အခြေအနေတစ်ခုခုမှာ
စတင်အသုံးပြုနည်းကိုလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ အရေးပေါ်သတင်းပေးပို့ဖို့ ကြုံတွေ့လာတဲ့အခါ Phone Screen ပေါ်မှာရှိတဲ့ "191 Report" icon လေးနှိပ်လိုက်တာနဲ့ Camera ပွင့်လာမယ်။ ဖြစ်ပျက်နေတဲ့ အခင်းဖြစ်အခြေအနေ ကို ပေါ်လွင်စေမယ့် မြင်ကွင်းကိုရိုက်ပြီး Send လုပ်လိုက်တာနဲ့ Command & Control Center အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် မီးသတ်ဦးစီးမှူးရုံးများက ဖုန်းပြန်ခေါ်ပါလိမ့်မယ်။ ရိုက်ပို့လိုက်တဲ့နေရာ Location အတိအကျသိရှိနေပြီဖြစ်လို့ အဖြစ်အပျက်ကို စုံစမ်းမေးမြန်း နေချိန်မှာပဲ အနီးစပ်ဆုံး မီးငြှိမ်းသတ်ရေးအဖွဲ့ သို့မဟုတ် ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေကို Disaster ဘေးအန္တရာယ်အဆင့်ပေါ် မူတည်ပြီး မီးသတ်တပ်ဖွဲ့ရဲ့ ယာဉ်/စက် အင်အားတွေကို အချိန်မီစေလွှတ်ပေးပါလိမ့်မယ်။ "191 Report" Phone Application ဟာ လက်ရှိအချိန်မှာ Bata Version ဖြစ်တာကြောင့် လိုအပ်ချက်အချို့ ရှိကောင်းရှိနိုင်ပါမယ်။ အသုံးပြုသူတွေအနေနဲ့က အသုံးပြု တဲ့အခါ တွေ့ရှိရတဲ့ အခက်အခဲတွေ ရှိလာခဲ့ရင်လည်း Google Play Store မှာ အကြံပြုစာ ပြန်ရေးပေးစေလိုပါတယ်။

မေး။ ။ အရေးပေါ်အခြေအနေတစ်ခုခုကိုကြုံလာရင်
ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာ ပြောပေးပါဦး။
ဖြေ။ ။ အထူးသတိပြုစေချင်တာကတော့ အသုံးပြုသူတွေအနေနဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ မီးငြှိမ်းသတ်ရေးအတွက် အရေးကြီးမှသာ သုံးစွဲရမှာဖြစ်တဲ့အတွက် မလိုလားအပ်ဘဲ နောက်ပြောင် သုံးစွဲခြင်းတွေ အဖျက်အမှောင့်အနေနဲ့ အသုံးမပြုကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးလိုအပ်နေတဲ့၊ ဘေးဒုက္ခခံစားနေရတဲ့ ပြည်သူ တွေကို စာနာတဲ့အနေနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ အရေးပေါ်ကယ်ဆယ်ရေးနဲ့ မီးငြှိမ်းသတ်ရေး လုပ်ငန်းတွေကို အနှောင့်အယှက်မပေးဘဲ "191 Report" Phone Application ကို အသုံးပြုပြီး အထိရောက်ဆုံး အလျင်မြန်ဆုံး သတင်းပေးပို့ခြင်းဖြင့် ဝိုင်းဝန်းကူညီပါဝင်ပေးကြဖို့ တိုက်တွန်း နှိုးဆော်ချင်ပါတယ်ခင်ဗျာ။

မျိုးမင်းသိန်း(မရမ်းကုန်း)
No comments:
Post a Comment