Tuesday, October 8, 2019

ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင် ရွက်ရန် အလှူငွေများ လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၇
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ကြောင့် ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ Shigematsu Company Limited (Japan) က အမေရိကန်ဒေါ်လာ ၃၀၀၀၀၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဝန်ထမ်းမိသားစုများ က ငွေကျပ် ၁၈၂၀၀၀၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် ၁၂၈၀၀၀ တို့ကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင် က အလှူငွေများကိုလက်ခံပြီးကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment