Tuesday, October 8, 2019

ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် (၅) ကြိမ်မြောက် အာဆီယံ အားကစားဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ဖိလစ်ပိုင်သို့ ထွက်ခွာ


နေပြည်တော် အောက်တိုဘာ ၇

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပမည့် (၅)ကြိမ်မြောက် အာဆီယံ အားကစားဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ယနေ့ နံနက် ၉ နာရီ မိနစ် ၅၀ တွင် ရန်ကုန် မြို့မှထွက်ခွာသွားရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။

ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၈ ရက်တွင် ကျင်းပမည့် 1st Asean Plus Japan Meeting on Women and Sports နှင့် 2nd Asean Plus Japan Senior Officials Meeting on Sports (2nd SOMS + Japan) အစည်းအဝေး၊ အောက်တိုဘာ ၉ ရက်တွင် ကျင်းပမည့် 5th Asean Ministerial Meeting on Sports (AMMS – 5) နှင့် (၅)ကြိမ်မြောက် အာဆီယံအားကစားဝန်ကြီးများအစည်းအဝေးတို့သို့ တက်ရောက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment