Monday, October 28, 2019

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင် ရက်သတ္တပတ်သို့ တက်ရောက်ရန် စင်ကာပူ နိုင်ငံသို့ ထွက်ခွာ


နေပြည်တော် အောက်တိုဘာ ၂၈ 

စင်ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၉) ရက်မှနိုဝင်ဘာ (၁) ရက်အထိကျင်းပမည့် (၁၂) ကြိမ်မြောက် စင်ကာပူ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ်သို့ တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ်တွင် Singapore Energy Summit, Singapore International Energy Agency Forum, SIEW Energy Insights, Asia Clean Energy Summit, Asia Downstream Summit, Gas Asia Summit Conference & Exhibition စသည့်အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ဒေသတွင်း စွမ်းအင်ဆိုင်ရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များ၊ စာတမ်းဖတ်ကြားသူများ၊ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အဖွဲ့အစည်းများ တက်ရောက်ကြမည်ဖြစ်ကာ အာရှနှင့် ကမ္ဘာ့ စွမ်းအင်ရေးရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment