နေပြည်တော်
အောက်တိုဘာ ၃၀
မြန်မာနိုင်ငံတွင် အသစ်ထွက်ပေါ်နေသော
ဆေးရွက်ကြီး၊ ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် များသို့ ရှင်းလင်းတင်ပြခြင်း
အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီ ရိဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်
အားကစား ဖွံ့ဖြိုးတိုး တက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်း က ယနေ့ ဆွေးနွေးပွဲသည်
အီး-စီးကရက် နှင့်ပတ်သက်၍ ပထမဆုံးအကြိမ် အသိပေးရှင်းလင်းပွဲ ဖြစ်ပါကြောင်း၊ မိမိတို့
လွှတ်တော်အနေဖြင့် ဆောင်ရွက်၍ရမည့် အကြောင်းအရာများကို အကြံပြုစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း
ဒုတိယဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေ က မြန်မာနိုင်ငံတွင် အသစ်ထွက်ပေါ်နေ သော ဆေးရွက်ကြီး၊
ဆက်စပ်ပစ္စည်းများ နှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များသို့ ရှင်းလင်းတင်ပြသည့်
အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတွင် အသစ်ထွက်ပေါ်နေသော
ဆေးရွက်ကြီး၊ ဆက်စပ်ပစ္စည်းများဖြစ်သည့် အငွေ့ထုတ်စနစ်များ ပါဝင်သော ပစ္စည်း တပ်ဆင်ထားသည့်
ကိရိယာ၊ ဆွေးရွက်ကြီးထွက်ပစ္စည်းများကို အပူပေးပြီး အငွေ့ရှူရသော ပစ္စည်းနှင့် ဆေးရွက်ကြီးနှင့်
ဓါတုပစ္စည်းများ၊ အခြားပစ္စည်းမျိုးစုံရောနှောထားသည့် ပစ္စည်းကို မီးလောင်ကျွမ်းစေရာမှ
ထွက်ရှိလာသော အငွေ့ကို ရေထဲကတစ်ဆင့် ဖြတ်စေပြီး ပိုက်က တစ်ဆင့် ရှူရသည့် ကိရိယာမျိုးစုံ
စသည့် ပစ္စည်းကိရိယာများ အကြောင်းကို အရှေ့တောင်အာရှဆေးလိပ် ထိန်းချုပ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့
အမှုဆောင်ဒါရိုက်တာ Dr.Ulysses Dorotheo က ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ အရှေ့တောင်အာရှ ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ
မဟာမိတ်အဖွဲ့ ပရိုဂရမ်မန်နေဂျာ Worrawan Jirathanapiwat က Identifying TI front
groups and countering Tobacco Industry arguments ၊ အရှေ့တောင် အာရှဆေးလိပ် ထိန်းချုပ်ရေးဆိုင်ရာ
မဟာမိတ်အဖွဲ့ အမှုဆောင်ဒါရိုက်တာ Dr.Ulysses Dorotheo နှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း
ဒုတိယဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေ တို့က Legislative Measures ၊ ဆက်လက်၍ ပြည်သူ့ကျန်းမာရေး
ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်နှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က
Gaps in Legislation နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၊ အရှေ့တောင်အာရှ ဆေးလိပ်ထိန်းချုပ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့နှင့်
ကလေးများ ဆေးရွက်ကြီးကင်းစင်ရေး လှုပ်ရှားမှုအဖွဲ့တို့က ပူးပေါင်း ကျင်းပ၍ အသစ်ထွက်ပေါ်နေသော
ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများ (အီး-စီးကရက်နှင့် ရေပြောင်း၊ အပူပေးပြီး အငွေ့ရှူရသော
ပစ္စည်းများ) အကြောင်းကို လေ့လာနိုင်စေရန်နှင့် ထိန်းချုပ်ရေး စည်းမျဉ်း ဥပဒေများနှင့်
မူဝါဒများကိုရေးဆွဲ အကြံပြုနိုင်ရန်တို့ကို ရည်ရွယ် ကျင်းပခြင်း ဖြစ်ပြီး အောက်တိုဘာ
၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment