Monday, October 7, 2019

ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော် ကပ်လှူခြင်းဆိုင်ရာ နည်းပညာ အလုပ်ရုံဆွေးနွေးပွဲ ဝိဇ္ဇာခန်းမ၌ ပြောင်းလဲကျင်းပသွားမည်


နေပြည်တော် အောက်တိုဘာ ၆

ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းတော်ကပ်လှူခြင်းဆိုင်ရာ နည်းပညာ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၉ ရက်နှင့် ၂ဝ ရက်တို့တွင် အမျိုးသားပြတိုက်၌ ကျင်းပမည့်အစား ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နည်းပညာအလုပ်ရုံဆွေးနွေးပွဲတွင် ရွှေလွှာတင်ခြင်းနည်းပညာ၊ လျှပ်စစ်သုံးရွှေလွှာတင်ခြင်း နည်းပညာ၊ ရွှေစင်ပြားနှင့် မျက်ပါးရွှေကပ် ခြင်း နည်းပညာ၊ ရွှေစင်ပြားနှင့် မျက်ပါးရွှေထုတ်လုပ်ခြင်း နည်းပညာနှင့် ရွှေပြား ကပ်သည့်နေရာ၌ အသုံးပြုသော ပစ္စည်းများအပေါ်တွင် ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ နည်းပညာ နယ်ပယ်များနှင့် စပ်လျဉ်း သည့် စာတမ်းများဖတ်ကြားပြီး ပညာရှင် များက ဆွေးနွေးကြမည်ဖြစ်သည်။
နည်းပညာအလုပ်ရုံဆွေးနွေးပွဲကို ရွှေတိဂုံစေတီတော်မြတ်ကြီး အရှည် တည်တံ့ခိုင်မြဲရေးအတွက် စေတီတော်ကြီးတွင် ကပ်လှူထားသော ရွှေသင်္ကန်းများဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment