နေပြည်တော် အောက်တိုဘာ ၂၉
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည်
ဟောင်ကောင် တက္ကသိုလ်၏ အာရှနှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ
Associate
Professor, Dr. Renaud Egreteau အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ
လွှတ်တော်အဆောက်အအုံ ပြည်သူ့
လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်
ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်လုပ်ငန်းများနှင့်
လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၏ လုပ်ငန်းအတွေ့အကြုံ၊
အရည်အသွေးပိုမိုပြည့်ဝစွာဆောင်ရွက်နိုင်ရေးဆိုင်ရာ
ကိစ္စရပ်များနှင့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment