Tuesday, October 29, 2019

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မကွေးတိုင်းဒေသကြီးရှိ ဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၈

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီးအတွင်း မကွေးမြို့ရှိ ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ မြင်းကင်း ဓာတ်အားခွဲရုံ၌
လျှပ်စစ်ဓာတ်အား လက်ခံ ဖြန့်ဖြူးပေးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာဖြင့် လျှပ်စစ် အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဗို့အားစနစ် တည်ငြိမ်မှုရှိရေးနှင့် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုမရှိရေး အထူးအလေးထား ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ နတ်မောက် လမ်း ဓာတ်အားခွဲရုံနှင့် ၃၃/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ လွှတ်တော်ဓာတ်အားခွဲရုံ၊ နတ်မောက်မြို့နယ်ရှိ ၆၆/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ မြို့သစ်မြို့ ဓာတ်အားခွဲရုံများကို ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာတွင် ဗို့အားကျဆင်းမှု မရှိစေရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု အနည်းဆုံး ဖြစ်စေရေးနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများ အရည်အသွေး ပြည့်မီသည့် ပစ္စည်းများဖြင့် တပ်ဆင် အသုံးပြုသွားရန်၊ ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင် ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် မှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment