နေပြည်တော် စက်တင်ဘာ ၃၀
၂ဝ၁၉ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်း အမှတ်အခမ်းအနားကို အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) မှ ကြီးမှူး၍ ပင်လယ်ရေကြောင်းဘက်ဆိုင်ရာ သင်္ဘောများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေး ကိစ္စများအပေါ် အထူးဂရုပြု ဆောင်ရွက်လာစေရန် အတွက် အဖွဲ့ဝင်နိုင်ငံများတွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ အထိမ်း အမှတ်အတွက် ဆောင်ပုဒ်မှာ "ပင်လယ်ရေကြောင်း လုပ်ငန်းအဖွဲ့အစည်းများတွင် အမျိုးသမီးများအား ပိုမိုလုပ်ပိုင်ခွင့်ပေးရေး (Empowering Women in the Maritime Community)" ဖြစ်ကြောင်း၊ ပင်လယ်ရေကြောင်း လုပ်ငန်းများနှင့် ငါးဖမ်းလုပ်ငန်းများတွင် ကျား/မခွဲခြားမှုများကို လျော့ကျစေရန်အတွက် ဦးစားပေး ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း။
ယနေ့ မြန်မာ့ပင်လယ်ရေကြောင်းသင်္ဘောလုပ်ငန်းများတွင် ကမ္ဘာ့ ပင်လယ်ရေကြောင်း တက္ကသိုလ်နှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်း ဥပဒေသိပ္ပံကျောင်းဆင်း အမျိုးသမီးများသည် စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ် ချက်ပေးနိုင်သူများအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရ ကြောင်း။
ကမ္ဘာ့ရေကြောင်းသင်္ဘောများ ပေါ်တွင် တာဝန်ထမ်းဆောင်နေသော သင်္ဘောသား ၁ ဒသမ၂ သန်းခန့်ရှိပြီး ယင်းတို့ထဲတွင် အမျိုးသမီး ၂ ရာခိုင် နှုန်းသာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအမျိုးသမီးသင်္ဘော သားများအနေဖြင့် Cruise-ship တွင် ၉၄ ရာခိုင်နှုန်းနှင့် ကုန်တင်သင်္ဘော များတွင် ၆ ရာခိုင်နှုန်း တာဝန်ထမ်း ဆောင်နေသည်ကို တွေ့ရှိရကြောင်း၊ ယခုအခါတွင် မိမိတို့နိုင်ငံမှ အမျိုးသမီးသင်္ဘောသားများအတွက် ဥပဒေ ကြောင်းအရ တရားဝင်ထမ်းဆောင်ခွင့်ရရန် အခွင့်အလမ်းများ ရှိလာ တော့မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် IMO မှ Dr. Jose Thomas Matheickal နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။ ယင်းနောက် MTCC Asia Prof. Jin Yongxing Chairman က အမှာစကားပြော ကြားသည်။
ထို့နောက် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသော ရေကြောင်းကဏ္ဍ လှုပ်ရှားမှုများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြသသည်။
သတင်းစဉ်

No comments:
Post a Comment